ကပ်စေး အရမ်းနည်းတဲ့ အဘိုးကြီး တစ်ယောက်ရှိတယ်။ အဓိကကတော့ ပိုက်ဆံနဲ့
ပက်သက်လာရင် ကပ်စေးပိုပြီး နည်းတယ် ဆိုရမှာပေါ့။ ပိုက်ဆံကလည်း အတော်အသင့်
ချမ်းသာကြွယ်ဝတော့ ရပ်ကွက်ထဲမှာ မာန်လေးက ထောင်ချင်သား။
ဒီလိုနဲ့ တစ်နေ့မှာတော့ အဘိုကြီးစီးသော ကားပျက်ပါလေရော။ ဒါကြောင့်
ဝပ်ရှော့ဆရာကို ပြင်ဖို့ သွားခေါ်ခဲ့တာပေါ့။ ဝပ်ရှော့ဆရာက ကားပြင်ဖို့ ရောက်
လို့ ခဏအကြာမှာပဲ ပြင်ရမယ့်နေရာကို တူလေးနဲ့ နှစ်ချက်လောက် ထုလိုက်တယ်။
အဘိုကြီးရဲ့ကား တစ်ကတည်း ကောင်းသွားပါလေရော။ ဝယ်ရှော့ဆရာက အဘိုးကြီးကို
ဒေါ်လာ တစ်ထောင် ကားပြင်ခ တောင်းတယ်။
အဲမှာစပြီး ပြဿနာ တက်တာပေါ့။ အဘိုးကြီးက ကပ်စေးက ခပ်နည်းနည်း တူ လေးနဲ့
နှစ်ချက်ထုတာကို ဒေါ်လာ တစ်ထောင်တောင်းရပါ့မလား ဆိုပြီး ပြဿတွေ တက်ပါလေရော။
စကားတွေ များရင်းမှာပဲ ဝယ်ရှော့ဆရာက အဘိုးကြီးကို အခုလိုပြောတယ် " အဘိုး
တူနဲ့နှစ်ချက်ထုလိုက်တာက တန်ဖိုးမရှိပါဘူး။ ဒါပေမယ့် ဘယ်နေရာကို တူနဲ့
ထုရမလဲ ဆိုတာကို သိတဲ့ ပညာကသာ တန်ဖိုးရှိတာပါ "
နိဂုံးချုပ် မည်သည့် ပညာမဆို တန်ဖိုးရှိတယ်။ အတတ်ပညာ သေးတာ ကြီးတာ မဆိုင် ပါဘူး။ တန်ဖိုးခြင်းကတော့ အတူတူ ပါပဲ။
ကျော်လင်းနိုင်
ရိုးရာလေး
Subscribe to:
Post Comments (Atom)

Post a Comment