ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ဝန်ဆောင်မှု ပေးလျက်ရှိသော CDMA မိုဘိုင်းဖုန်းများမှနိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင်နိုင်ငံခြားငွေလက်မှတ်
(FEC)နှင့် ကျခံသုံးစွဲနေရာမှ မြန်မာကျပ်ငွေနှင့် ကျခံသုံးစွဲနိုင်ရေးအတွက်
Software Upgrade ပြုလုပ်ခြင်းကို ၁-၈-၂၀၁၃ ရက် (ကြာသပတေးနေ့) တွင် လုပ်ငန်းဆောင်ရွက်မှာဖြစ်တဲ့အတွက်
(SMS Service) နှင့် (Internet Service) များသည် ၁-၈-၂၀၁၃ နေ့ နံနက် ၁ နာရီမှ ၂ နာရီခန့်အထိ
ယာယီအသုံးပြု၍ ရရှိနိုင်မည်မဟုတ်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ သတင်းထုတ်ပြန်ချက်အရသိရတယ်။
အဲ့ဒါကြောင့်ဒီနေ့မှာ SoftwareUpgrade ပြုလုပ်ဆောင်ရွက်ရာမှာ လက်ရှိသုံးစွဲလျက်ရှိသော CDMA မိုဘိုင်းဖုန်းသုံးစွဲသူများ၏ FEC Account တွင်ကျန်ရှိနေသည့် FEC ငွေများအား 1 FEC လျှင်မြန်မာငွေကျပ် ၉၀၀ိ/- ကျပ်နှုန်းဖြင့်တွက်ချက်ပြီး KYATS Accountသို့ပေါင်းထည့်ပေးမည်ဖြစ်တယ်လို့ သိရတယ်။အဲ့သည့်လိုပေါင်းထည့်ပြီးသည့်နောက် ပြည်တွင်းခေါ်ဆိုမှု (Local Call) နှင့် ပြည်ပခေါ်ဆိုမှု (IDD Call) အားလုံးသည် မြန်မာကျပ်ငွေဖြင့် ပုံမှန်အတိုင်းခေါ်ဆို၍ရရှိနိုင်မှာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ သတင်း
ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
credit
to:The Modern News Journal
Post a Comment