0
ဂျပန်နိုင်ငံမှာ အေပီယူတက္ကသိုလ် (Ritsumeikan Asia Pacific University-APU) ကျောင်းဝင်ခွင့်ပုံစံ၊ ပညာသင်ဆုအစီအစဉ်နဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီ ကုန်သည်ကြီးများဟိုတယ်မှာ ပြုလုပ်ပါမယ်။
အေပီယူကျောင်းကို ၂၀၁၀ ပြည့်နှစ်မှာ စတည်ထောင်ပြီး နိုင်ငံတကာ ကျောင်းသား ၅၀ ရာခိုင်နှုန်းခန့် တက်ရောက်နေတယ်လို့ဆိုတယ်။

အေပီယူကျောင်းကို ဂျပန်စာဒါမှမဟုတ် အင်္ဂလိပ်စာနဲ့ လျှောက်ထားနိုင်ပါတယ်။
အေပီယူကျောင်းမှာ ဘာသာနှစ်မျိုး ပညာရေးစနစ်ကို အသုံးပြုထားပြီး ဘာသာရပ်တိုင်းကို အင်္ဂလိပ် စာနဲ့ ပို့ချပေးတဲ့အပြင် ဂျပန်စာကိုလည်း သင်ကြားပေးမှာ ဖြစ်တယ်လို့ ဆိုတယ်။
ဂျပန်ဒါမှမဟုတ် အင်္ဂလိပ်စာဘာသာကို သတ်မှတ်ထားတဲ့ IELTS, TOEFL ဒါမှမဟုတ် JLPT ရမှတ် တွေနဲ့ လျှောက်ထားရမှာဖြစ်ပြီး ထူးချွန်မှတ်ရရှိတဲံ တစ်ကိုယ်ရည်စွမ်းဆောင်နိုင်ချက် မြင့်မားသူတွေ အတွက် ပညာသင်ဆု အခွင့်အလမ်းတွေ ရှိပါတယ်။
အေပီယူတက္ကသိုလ်ကို လျှောက်ထားလိုသူတွေအတွက် ပညာသင်ဆု ၃၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင် နှုန်းအထိ ရရှိနိုင်မယ့် အခွင့်အရေးတွေရှိတယ်လို့ ဆိုတယ်။
၂၀၁၂ နဲ့ ၂၀၁၃ ပညာသင်နှစ်တွေမှာ အေပီယူတက္ကသိုလ်မှာ ပညာသင်ယူနိုင်မယ့် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားတွေထဲက ပညာသင်ဆုရရှိထားသူ အချို့လည်းရှိတယ်လို့ သိရတယ်။
အေပီယူတက္ကသိုလ်မှာ APM Curriculum (Bachelor of Business Administration)၊ APS Curriculum (Bachelor of Social Science) ဘွဲ့လွန်ပညာရေးအစီအစဉ်နဲ့ PHD အစီအစဉ်တွေ လည်းရှိပါတယ်။ ကျောင်းဝင်ခွင့်မှာ တစ်နှစ်ကို ဧပြီနဲ့ စက်တင်ဘာလတွေဖြစ်ပြီး ၂၀၁၃ ခုနှစ် ပညာ သင်နှစ်အတွက်ဆိုရင် စက်တင်ဘာလအတွက် ကျောင်းဝင်ခွင့်လျှောက်နိုင်သေးတယ်လို့ ဆိုပါတယ်။
အေပီယူတက္ကသိုလ်အပြင် Tokyo, Ikebukuro ရှိ An Language School, Okayama ရှိ Okayama School နဲ့အခြားမြို့ကြီးတွေရှိ တက္ကသိုလ်တွေ၊ သူနာပြုသက်မွေးပညာသင် ကျောင်းတွေကိုလည်း တစ်နှစ်ကို လေးကြိမ်နဲ့တစ်လပိုင်း၊ လေးလပိုင်း၊ ခုနှစ်လပိုင်း၊ ဆယ်လပိုင်းအတွက် ကျောင်းဝင်ခွင့် ဖောင်တွေကို လက်ခံပေးနေတယ်လို့ Better Life Career Supporting and Education Centre (၀၁-၃၈၂၅၂၉၊ ၃၈၂၅၃၀) ကသိရပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၇၁)၊ သြဂုတ် ၂၃၊ ၂၀၁၃

Post a Comment

 
Top