မွန်ပြည်နယ်
အတွင်းရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၅၈ ကျောင်းမှ ဆရာ၊ ဆရာမ ၁၈၉ ဦး
အတွက် နိုင်ငံတော်မှ လစာ ထောက်ပံ့ငွေများကို ပြည်နယ် ဘုန်းတော်ကြီး
ပညာသင်ကျောင်း၊ ကြီးကြပ်ရေး ဆရာတော်မှ တစ်ဆင့် ပေးအပ်ခဲ့ကြောင်း
မွန်ပြည်နယ် သာသနာ ရေး ဦးစီးဌာနမှ သိရသည်။
ဘုန်းတော်ကြီး
ပညာသင် ကျောင်း များမှ ဆရာ၊ ဆရာမ များအား (ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်)
လများလျှင် မူလ တန်းပြ ဆရာ တစ်ဦးအတွက် တစ်လစာ ထောက်ပံ့ငွေကျပ် ၃၆ဝဝဝ
ဖြစ်ပြီး ၄ လစာ အတွက် ငွေကျပ် ၁၄၄ဝဝဝ ရရှိမည် ဖြစ်သည်။ မူလွန်နှင့်
အလယ်တန်း ပြဆရာ၊ ဆရာမ တစ်ဦး အတွက် တစ်လ စာထောက်ပံ့ငွေ ကျပ် ၄၁ဝဝဝ ဖြစ်ပြီး ၎
လစာ အတွက် ငွေကျပ် ၁၆၄ဝဝဝ ရရှိမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီး
ပညာသင်ကျောင်း ၅၈ ကျောင်းတွင် မူလတန်းပြ ဆရာ၊ ဆရာမ ၁၅၂ ဦး၊ မူလွန်နှင့်
အလယ်တန်းပြ ဆရာ၊ ဆရာမ ၃၇ ဦးရှိ ရာ နိုင်ငံတော်မှ ငွေကျပ် ၂၇၉၅၆ဝဝဝ ကို
ခွင့်ပြုပေးထားပြီး သြဂုတ်လမှ စ၍ လစာ ထောက်ပံ့ငွေများ ကို လကုန်တိုင်း
ထုတ်ပေးမည်ဖြစ် ကြောင်းနှင့် ထပ်မံ ခွင့်ပြုချ ထားပေး သော ကျောင်း ထိုင်
ဘုန်းတော်ကြီး ပညာသင် ကျောင်းများ အတွက် ထောက်ပံ့ငွေ များကို လက်ကျန်ငွေပေါ်
မူတည်၍ အ ချိုးကျ ခွဲဝေပေးမည် ဖြစ်ကြောင်း သိရ သည်။
ထူးထူး(မော်လမြိုင်)
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
Post a Comment