အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ဟာ နယူးယောက်မှာ ရှိတဲ့ ကမ္ဘာ့
ကုလသမ္မဂရုံးကို သူလျှိုလုပ် ထောက်လှမ်းခဲ့တယ်လို့ ဂျာမနီတို့
ထုတ်ဖောက်လိုက်ပါတယ်။
ဌာနအားလုံးမှာပြုလုပ်တဲ့ ဗီဒီယို ဆွေးနွေးမှုများကို ဖောက်ထွင်းထားပြီး
စုစုပေါင်း အမှု ၄၆၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ
အရေးကိစ္စများကို လျှို့ ဝှက်နည်းပညာနဲ့ အသံခိုးနားထောင်ခြင်း၊ ဗီဒီယို
မှတ်တမ်းယူခြင်း၊ စာရွက်စာတမ်းယူခြင်း အစရှိသဖြင့် နည်းမျိုးစံ အသုံးပြု
ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အသုံးပြုတဲ့ နည်းပညာကတော့ Special Collection Service လို့ခေါ်တဲ့
ပရိုဂရမ်နဲ့ဖြစ်ပြီး လျှို့ ဝှက်သတင်းအားလုံးကို ဖောက်ထွင်းယူနေခြင်း ဖြစ်
ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် သံရုံးတိုင်းကိုလည်း ယင်းကဲ့သို့
နည်းပညာနဲ့ ချိတ်ဆက်ထားပြီး Server တစ်ခုတည်းကို အချက်အလက် အားလုံး
ရောက်ရှိစေပါတယ်။ ယင်းနည်းလမ်းနဲ့ အမေရိကန်ဟာ ကမ္ဘာ့ နိုင်ငံ အသီးသီးမှ
သတင်းအချက်အလက်များကို ရယူနေခြင်း ဖြစ်ပြီး နိုင်ငံ အသီးသီးရဲ့ အစိုးရတို့
သိရှိမှု မရှိကြောင်း ဆိုပါတယ်။
ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂမှ သတင်းအချက်အလက်များ ခိုးယူမှု အတွက် ကတော့ ဂျာမနီတို့ အမေရိကန်ကို တရားစွဲဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: xinhua
ရိုးရာလေး နိုင်ငံကာ
Subscribe to:
Post Comments (Atom)
Post a Comment