0

Infodias Computer Centre မှ Internet  အတွင်း Website များ ရေးသားရန် စိတ်ဝင်စားသူများ အတွက် Project လက်တွေ့ပုံစံ သင်ကြားမည့် Special Web Design သင်တန်းကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း  သိရသည်။


သင်တန်း အတွင်း အပိုင်း ၃ ပိုင်း ပါဝင်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၃ လ ဖြစ်သည်။ Special Web Design သင်ကြားရာတွင် Graphic Design သင်ခန်းစာများတွင် Photoshop CS3, Design နှင့် Colour ပညာရပ်များ၊ ဓာတ်ပုံ ပညာရပ်များ ၊ Website သင်ခန်းစာများတွင် Dreamweaver, HTML, CSS, Javascript, Flash,  JQuery ပညာရပ်မျာ၊ Project Website အား ကိုယ်တိုင် တည်ဆောက်ပြီး Hotsing နှင့် Domain name များ အခမဲ့ရယူပြီး Internet အတွင်း Website တင်နိုင်သည် အထိ လက်တွေ့များနှင့် သင်ကြားရမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးပါက Web Graphic Design များရေးဆွဲခြင်း၊ Web Page Layout ချခြင်းများတတ် မြောက်ပြီး ကိုယ်တိုင် Website များ တည်ဆောက်နိုင်မည်ဖြစ်သည်။

 အခြားသင်တန်းများ အဖြစ် Graphic Design သီးသန့်သင်တန်း၊  PHP & MySQL (Online Shopping)၊ Joomla Web  CMS (Contact Management System) သင်တန်းများကိုလည်း သင်ကြားလျက် ရှိကြောင်း သိရသည်။ လစဉ်တန်းခွဲများ ဖွင့်လှစ်လျှက်ရှိပြီး သင်တန်းကြေးများကို အရစ်နှင့် ပေးသွင်းနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ဖုန်း-၀၉-၇၃၂၁၉၀၉၀၊ ၅၂၆၁၂၅ သို့ဆက်သွယ် စုံစမ်းနိုင်သည်။

အင်တာနက် ဂျာနယ်

Post a Comment

 
Top