SMART
Computer မှ အထူးဝန်ဆောင်မှု တစ်ရပ်အနေဖြင့် System PC များ၊ Laptop များကို
(၂) လုံးနှင့်အထက် ပြုပြင်ပါက အိမ်အရောက်ပြုပြင်ခြင်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ အဆိုပါ Service တွင် အတွေ့အကြုံ ရင့်ကျက်နေပြီးသား Service သမားများက ကွန်ပျူတာ
System PC နှင့် တံဆိပ်အမျိုးအစားစုံ Laptop များသာမက Printer များနှင့် အခြားဆက်စပ်ပစ္စည်းများကို
ရုံး အရောက်၊ အိမ်အရောက်
လိုက်လံပြုပြင်ဆောင်ရွက်ပေးခြင်း တို့ကို ပြုလုပ်ပေးမည်ဖြစ်ပြီး
အထူးဝန်ဆောင်မှုအနေဖြင့် PC System များ Laptop များကိုနှစ်လုံးနှင့် အထက်အိမ်တိုင်ရာရောက်
လိုက်လံပြုပြင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ “ကုန်ကျစရိတ်ကတော့ သာမန် Service ပေးသလိုပဲယူမှာပါ။
တချို့ PC၊ Laptop တွေဆိုရင် တကယ်မပျက်စီးဘဲ ပြင်စရာမလို၊ Service ပေးစရာမလိုဘဲ၊ သုံးစွဲသူ
မျက်စိလည် သွားလို့ Service သမား လှမ်းခေါ်ရတာမျိုးလည်း ရှိသေးတယ်။ ဒီလိုမျိုးဆိုရင်
Service ကြေးအနေနဲ့တောင် ကျွန်တော်တို့ကို ပေးစရာမလိုဘူး။ ဆိုင်ကယ်ဆီဖိုးလောက်ပဲ ရှင်းပေးရုံပဲ”
ဟု အဆိုပါဆိုင်မှ တာဝန်ရှိ သူက ပြောသည်။ အသေးစိတ် အချက်အလက် များကို SMART
Computer ဖုန်း-၀၆၇-၂၁၂၇၆ သို့ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။
- ကျော်ဇေယျ
http://www.myanmarinternetjournal.com
Post a Comment