Samsung က တရားဝင် အတည်ပြုလိုက်တဲ့ သတင်း ဖြစ်ပါတယ်။ Samsung Galaxy Note
ရဲ့  တတိယ မျိုးဆက် ဖြစ်တဲ့ Note 3 ကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ
မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။
ပြီးတော့မှ ဂျာမနီ ဘာလင်မှာ ကျင်းပတဲ့ IFA မှာ
ဆက်လက်ပြသ မှာ ဖြစ် ကြောင်း သိရပါတယ်။ နောက်ထပ် ထူးခြားတဲ့ သတင်း ကတော့
Samsung Galaxy Note 3 အပြင် စမတ်နာရီပါ မိတ်ဆက် ခြင်း ဖြစ်ပါတယ်။
စမတ်နာရီက အဖြူအမည်းမျက်နှာပြင်နဲ့ ဖြစ်ပြီး e Reader တို့လိုဖြစ် ပါတယ်။
သို့ပေမယ့် စမတ်နာရီလို့ ခေါင်းစဉ် တပ်ထားတဲ့ အတိုင်း စမတ်ဖုန်း တစ်လုံး
လုပ်ဆောင်ချက် နည်းပါး ပါဝင် စေမယ့် Feature များက ဘယ်လို ရှိမယ်ဆိုတာ
ခန့်မှန်း နေကြဆဲ ဖြစ်ပါတယ်။
Samsung Galaxy Note 3 ကတော့
အရွယ်အစား ၅.၇ လက်မ၊ Super AMOLED မျက်နှာပြင် full HD 1920x1080 pixel
အရည်အသွေး နဲ့ မျက်နှာ ပြင် ပါဝင်မယ်လို့ ဆိုကြ ပါတယ်။ ကင်မရာ ကလည်း 13
Megapixel ရှိပြီး Android ဗားရှင်းကတော့ 4.3 ဖြစ်ပါတယ်။ ဒါကတော့ Samsung က
တရားဝင်ပြောတဲ့ သတင်း မဟုတ်ပါဘူး။
Samsung Galaxy Note 3 အား မြင်တွေ့ရရန် တစ်လ တိတိသာ လိုအပ်တော့ ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment