0
PSB Academy တွင် Study ABROAD Information Centre မှ တစ်ဆင့် အင်ဂျင်နီယာ ဘာသာရပ်ကို တက်ရောက် သင်ကြားလျက်ရှိသော   ကျောင်းသူ အိမ့်မြတ်သီရိဘိုက ပညာသင်ဆု စင်ကာပူ ဒေါ်လာ ၁၆၀၀၀  ကို 2013 ခုနှစ် သြဂုတ်လ ကျောင်းဖွင့်ချိန် အတွက် ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ပညာသင်ဆုမှာ PSB Academy နှင့် Partner Unviersity (University of Newcastle) Australia  တို့မှ ပူးပေါင်း ပေးအပ်သည့် ပညာသင်ဆု ဖြစ်ပြီး ကျောင်းသူ အိမ့်မြတ်သီရိဘိုမှာ လက်ရှိ  PSB Academy တွင် တက်ရောက်နေပြီး Bachelor of Engineering in Electrical Engineering ဒုတိယ နှစ်အတွက် ရရှိခဲ့ခြင်း ဖြစ်သည်။
“ညီမက PSB Academy ကနေအင်ဂျင်နီယာ ပထမနှစ်တက်ပြီးတော့  ရန်ကုန် ပြန်လာတာပါ။ PSB ကနေ ပညာသင်ဆုတွေ ပေးတယ်ဆိုတာ သိရတော့ ဒီပညာသင်ဆုကို လျှောက်ထားခဲ့တာပါ။ ပထမနှစ်တုန်းက ပညာသင်ဆု လျှောက်မယ်ဆိုပြီးတော့ ရည်ရွယ်ခဲ့တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ သူများတွေထက် စာရင် တချို့ဘာသာရပ်တွေမှာ ထူးထူးချွန်ချွန် အမှတ်တွေရခဲ့တယ်။ အင်္ဂလိပ်စာ ဘာသာရပ်မှာ ဆိုရင် အမှတ်ပြည့်ရနိုင်ဖို့ သိပ်မလွယ်ဘူး။ ပေးလေ့လည်းမရှိဘူး။ ဒါပေမဲ့ Presentation ကို  သေချာပြင်ဆင်ခဲ့တဲ့ အတွက် နှစ်ကြိမ် တိတိ အမှတ်ပြည့် ရရှိခဲ့တယ်။ သင်္ချာဘာသာရပ်မှာ ဆိုရင်လည်း Top (1) to (4) မှာ အမြဲ ရှိနေပါ တယ်။ Assignment မှာလည်း အမှတ်အများဆုံး ၃ ယောက်မှာ ညီမ အမြဲပါပါတယ်။ ကိုယ်က အကောင်းဆုံး  ကြိုးစားခဲ့တာဆိုတော့ ကိုယ်ပြုတဲ့ကံက ကိုယ့်ဘက်ပါတယ်လို့ ပြောလို့ ရမှာပါ ။ ပညာသင်ဆုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် Scholarship ဆိုတဲ့  ကျောင်းသားတွေရဲ့ ပန်းတိုင် တစ်ခုကို သမီး ရောက်ရှိခဲ့တာပါ။ နိုင်ငံခြားမှာ ကျောင်းတက်နေရတဲ့  ကျောင်းသားတစ်ယောက် အနေနဲ့ မိဘတွေနဲ့ဝေးတဲ့ အချိန်မှာ တကယ်စာလုပ်တယ် ဆိုတဲ့ အထောက်အထားတစ်ခု ရခဲ့လို့လည်း အရမ်းကို ပီတိ ဖြစ်ရပါတယ် ”ဟုကျောင်းသူက ပြောသည်။

သန္တာ

http://www.myanmarinternetjournal.com


Post a Comment

 
Top