မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး ရောင်းချပေးခဲ့ပြီး ဖြစ်သည့် ဖုန်းအရေ အတွက်များနှင့်
နိုင်ငံအတွင်းရှိ အိမ်ထောင်စု ၈ ဒသမ ၇ သန်းကျော်ကို အချိုးကျ တွက်ချက် ကြည့်ပါက အိမ်ထောင်စု
၁ ဒသမ ၇ စုလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံး ရရှိနိုင်မည် ဖြစ်သော် လည်း လက်ရှိ အချိန်တွင်
အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲရန် လိုအပ်နေလျက် ရှိကြောင်း စိစစ်တွေ့ရှိ
ရသဖြင့် အိမ်ထောင်စု တိုင်းအတွက် မိုဘိုင်းလ်ဖုန်း ပိုမိုသုံးစွဲခွင့် ရရှိရန် ဆက်လက်
ဆောင်ရွက်သွားမည် ဖြစ်သည်။
တန်ဖိုးနည်း ဖုန်းများမှာ ကတ်ဝယ်ယူ ထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ငွေကျပ် ၅ဝဝဝ တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ထားသည်။
ဆင်းကတ်ကို အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။
ယင်းတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို လစဉ်ကြိုတင် ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ငွေကျပ် ၂၅ဝဝ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်၍ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ငွေကျပ် ၅ဝဝဝ ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ငွေကျပ် ၅ဝဝဝ ပြည့်သည်အထိ ဖြတ်တောက် သွားမည် ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီး နောက် ၁၅ ရက်အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကံထူး
အိုင်တီခေတ်
Post a Comment