ရန်ကုန် သြဂုတ်
၂
ရန်ကုန် တက္ကသိုလ်မှ
ဘွဲ့ရများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးရန် မြန်မာနိုင်ငံ အခြေစိုက်
တရုတ် ဆက်သွယ်ရေး
ကုမ္ပဏီကြီးတစ်ခုမှ ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းရှိ
မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး မိုဘိုင်းလ်ဖုန်းများ ပြုပြင်ရေးနှင့်
ဆက်သွယ် ရေးကွန်ရက် တည်ဆောက်ရေး လုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း သုံးထောင်ကျော်
အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဆင်းများကို ခန့်ထားပေးရန် တရားဝင် ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်း
သိရသည်။
ထို့အပြင်
ရန်ကုန် တက္ကသိုလ်တွင် လာမည့် ဒီဇင်ဘာမှ စတင်ကာ ဘွဲ့ကြို သင်တန်းများ ဖွင့်လှစ်သွားမည်
ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံ အပါအဝင် ရန်ကုန်တက္ကသိုလ်နှင့် ကွန်ရက် ချိတ်ဆက်ထားသည့်
နိုင်ငံများ တွင် ဘွဲ့လွန်သင်တန်းများ အတွက် ပညာသင်များ စေလွှတ်သွားရန် ရှိနေကြောင်း
သိရသည်။
ရန်ကုန် တက္ကသိုလ်သည်
လက်ရှိတွင် အာဆီယံ တက္ကသိုလ်များ ကွန်ရက်သို့ လည်းကောင်း၊ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့်
တောင်ကိုရီးယား နိုင်ငံများရှိ တက္ကသိုလ်များနှင့် ကွန်ရက်များ ချိတ်ဆက်ထားပြီး ပညာသင်
စေလွှတ်ရေး၊ သင်ကြားရေးဆိုင်ရာ အဆင့်မြင့် ပညာရှင်များ အပြန်အလှန် စေလွှတ်ရေးနှင့် ဧည့်
ပါမောက္ခများ အပြန်အလှန် စေလွှတ်ရေးတို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
မြ၀တီ
Post a Comment