ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဖြေလျှော့ပေးမှု
တစ်ရပ်အနေဖြင့် သက်တမ်း အနှစ် နှစ်ဆယ်ကျော် ကားများကို မအပ်ဘဲ သက်တမ်းတိုးလိုပါက ခရိုင်ရုံးများတွင်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခင်က နယ်မြို့များတွင် သက်တမ်းတိုးလိုသော ကားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ကညနရုံးများတွင် စစ်ဆေးမှု ခံယူပြီးမှသာ သက်တမ်းတိုးခွင့် ရသော်လည်း သြဂုတ် ၁ ရက်မှစ၍ ခရိုင်ရုံးများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း ကညနမှ သိရှိရသည်။

ခရိုင်ရုံးများ၌ သက်တမ်းတိုး ဆောင်ရွက်နိုင်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဦးစီးမှူး ဦးစန်းယုက “ သြဂုတ် ၁ ရက်က စပြီး ယာဉ်သက်တမ်းတိုးတဲ့ ကိစ္စကို ခရိုင်ရုံး တွေမှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ အရင်ကဆိုရင် မိတ္ထီလာမှာ ရှိတဲ့ကားက သက်တမ်းတိုးတဲ့အခါ မန္တလေးတိုင်းဒေသကြီးရုံးကို လာရောက်ပြီး ယာဉ်စစ်ဆေးမှု ခံယူရပါတယ်၊ တိုင်းဒေသကြီးရဲ့ ထောက်ခံချက်ရမှသာ ခရိုင်ရုံးမှာ သက်တမ်းတိုး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ယာဉ်ပိုင်ရှင် တွေအနေနဲ့ သက်တမ်းတိုး ဆောင်ရွက်တဲ့အခါ တိုင်းဒေသကြီးရုံးနဲ့ ခရိုင်ရုံးတွေကို အပြန်အလှန် သွားနေရပါတယ်၊ ဒါကို ဖြေလျှော့ပေးတဲ့ အနေနဲ့ ခရိုင်ရုံးတွေမှာပါ ယာဉ်သက်တမ်း တိုးနိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
credit to:Automobile Journal
Post a Comment