0
Porsche ဆိုတာ ဂျာမနီက မော်တော်ယာဉ် ထုတ်လုပ်တဲ့ ကုမ္မဏီကြီး တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်သူလည်း ဖုန်းဒီဇိုင်းထုတ်လုပ် ဖန်တီး ပါတယ်။

ပူးပေါင်းမှု တစ်ခုအနေနဲ့ အမေရိကန် Blackberry ဖုန်းကို Porsche Design အဖွဲ့ရဲ့ ပူးပေါင်းမှုနဲ့ မော်ဒယ်သစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ မော်ဒယ် နံပါတ် အနေနဲ့ P'9982  ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက  P'9981 အမည်နဲ့ ထုတ်လုပ်ခဲ့ပြီးပါပြီ။ Bold 9900 ကိုအခြေခံထားခြင်း ဖြစ်ပါတယ်။ ယခုတော့ BlackBerry Z10 နောက်ဆုံးပေါ် စမတ်ဖုန်းကို အခြေခံပြီး ထုတ်လုပ် ဖန်တီး မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတော့ ပါဝင်မယ့် Feature များအနေနဲ့ Blackberry Z10 အပင် Porsche Design မှထည့်သွင်းပေမယ့် UI အသစ်တို့ ပါဝင်မယ်လို့ ဆိုပါတယ်။ Porshe တင်မကပဲ အခြားသော မော်တော်ယာဉ် ထုတ်လုပ်တဲ့ မာစီဒီး၊ BMW တို့ကလည်း ၎င်းတို့ Deisgn Themed နဲ့ စမတ်ဖုန်း များ ဖန်းတီး နိုင်အောင် ကြိုးစားလျက် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top