မင်္ဂလာပါခင်ဗျာ
Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ
အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။
ဒေါင်းလုပ်ပြီးသွားရင်တော့
setting ထဲက more ထဲက Permissions အောက်က Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။
ပြီးရင် usb debugging ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင်
setting>>more>>about device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး
back key လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ
Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို အမှတ်ခြစ်လုပ်နိုင်ပါပြီ။အားလုံးပြီးသွားရင်တော့
ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို install လုပ်လိုက်ပါ။ ပြီးသွားရင်တော့
setting >> My device >> Display ထဲဝင်လိုက်ပါ။ပြီးရင် Font Style ထဲကို
ဝင်ပြီး အောက်ဆုံးမှာရှိတဲ့ Samsung Sans ဖောင့်ကိုရွေးပေးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့
Setting–>>My device–>> Language and input–>>Frozen keyboard
Pro ကိုရွေးပေးထားပါ။
ထို့နောက်
Dafault ကိုလည်း Frozen Zawgyi Keyboard Pro ကိုရွေးပေးထားပါ။ နောက်ဆုံးအနေနဲ့ကတော့
install လုပ်ထားတဲ့ ifont ဆိုတဲ့ icon လေးကို ဖွင့်လိုက်ပါ။ အပေါ်ဆုံးတန်းမှာ
Install ဆိုတာလေးကိုနှိပ်ပါ။ အောက်မှာကျလာပါလိမ့်မယ် မိမိနှစ်သက်ရာမြန်မာဖောင့်ကိုရွေးပါ
ဥပမာ (Myanmar + SoMa ) ကိုရွေးပြီး install လုပ်ပါ set ဆိုတာလေးကိုနှိပ်လိုက်ပါ။
OK လို့ပေါ်လာရင်နှပ်လိုက်ပါ။ Device က reboot လုပ်ဖို့တောင်းဆိုလာပါလိမ့်မယ် အဲဒီအခါကျရင်
ပါဝါကီးလေးကို ဖိထားပြီး Restart ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြန်တတ်လာပြီးဆိုရင်တော့
facebook , Tango , Viber ,contacts တွေမှာမြန်မာလိုပေါ်နေပါပြီ ရိုက်လို့လည်းအဆင်ပြေပါတယ်
facebook မှာဆိုလည်း မမှားသလောက်ပါပဲ အတော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ ။ ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့
စိတ်ချလက်ချ ပြုလုပ်ပါခင်ဗျာ။ မရရင်တော့ အစကနေနောက်တစ်ကြိမ်ပြန်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။
သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
If
u like my post , Please Visit at www.mmithelper.com
(Myanmar IT Helper )
Post a Comment