ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်း နှင့် ကာကွယ် ကူသနည်းများ
တန်ခူးလရာသီ၊ နွေကာလသို့ ရောက်ရှိနေပြီ။ 'တန်ခူး၊ ကဆုန် ဆွေ့ဆွေ့ခုန်'
ဆိုစကားအတိုင်း ဂိန်မာန်နွေ၏အပူရှိန်က ကြောက်ခမန်းလိလိ။ အပြင်ထွက်ပြီး
အလုပ် ထဲပြန်ရောက်တာနှင့် ချွေးတွေက တစ်ကိုယ်လုံးရွှဲရွှဲစိုလျက်။ တချို့က
အနားမနေဘဲ အလုပ်တွေဆက် လုပ်ကြသည်။ ချွေးနှင့်အအေးပတ် သူများ၊
ချွေးငုတ်သွား၍ ဖျားနာ ကြသူများ စသည်ဖြင့် အမျိုးမျိုး ကြားရသည်။
တောရွာဇနပုဒ်များတွင် ကျန်းမာရေးဗဟုသုတခေါင်း ပါးသူများ၊ သိလျက်နှင့်
ဆောင်ရန်၊ ရှောင်ရန်တို့ကို မသိသလိုပြုမူနေ ထိုင်သူများကတော့ နွေကာလတွင်
အပူ ဒဏ်ကြောင့် တဖြုတ်ဖြုတ် နဲ့ ဇီဝိန်ချုပ်ကြရသည်။
Post a Comment