ဌာနဆိုင်ရာအချင်း ပူးပေါင်း ဆောင်ရွက်မှုအားနည်းခြင်းကြောင့်
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီပတ်ဝန်းကျင်နှင့် သန့်
ရှင်းရေးဌာနလုပ်ငန်းဆိုင်ရာကိစ္စ များတွင် အခက်တွေ့နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင် နှင့်သန့်ရှင်းရေးဌာနမှ
ဒုတိယဌာန မှူးဦးလှဝင်းအောင်က ပြောကြား ရာတွင် ““လမ်းဘေးဈေးသည်တွေ ကို
ဆရာတို့ရှင်းတဲ့အခါမှာ ဆရာ တို့ စည်ပင်ဌာနကလူတွေကြီးပဲ ဆိုရင်
သူတို့ကမကြောက်ဘူး။ လမ်းဘေး ဈေးသည်ရှင်းတဲ့အခါ ကော်မတီက သတ်မှတ်ထားတာရှိ
တယ်။
သက်ဆိုင်ရာကအကုန်ပါရ မယ်။ ယာဉ်ထိန်းပါရမယ်။ အရန် မီးသတ်ပါရမယ်။
မြို့နယ်ထွေအုပ် ပါရမယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူးပါရမယ်။ နယ်မြေခံရဲပါရ
မယ်။ အဲဒီလိုသတ်မှတ်ပေးထား တာရှိတယ်။ ခေါ်လိုက်တိုင်းမှာ လည်းမလာဘူး။””
ဟိုတစ်ခါတုန်းက လသာ မြို့နယ်မှာ လမ်းဘေးဈေးသည် တွေကို ရှင်းရင်း
ထီရောင်းတဲ့သူ တစ်ယောက်က ဆရာဌာနက ဌာနစုမှူးရယ်၊ ၀န်ထမ်းတစ် ယောက်ရယ်ကို
ဝက်အူလှည့် နဲ့ထိုးတာခံလိုက်ရတယ်။ အခု မကြာသေးတဲ့ရက်အနည်းငယ် ကလည်း
ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးရှေ့မှာ လမ်းဘေးဈေးသည် တွေကို ရှင်းတုန်း၊
အဲဒီလမ်းဘေး ဈေးသည်တွေရဲ့ ရန်လိုပြုမူ တုံ့ပြန် တိုက်ခိုက်မှုခံရတယ်။
ဒီလိုပဲ မလိုအပ်တဲ့ပြဿနာလေး တွေက လမ်းဘေးဈေးသည်ရှင်း တဲ့
အခါတိုင်းမှာဖြစ်တယ်””ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း ယာဉ် သွားယာဉ်လာ၊ လမ်းသွားလမ်း လာ အဆင်ပြေစေရန်အတွက်
လမ်းများအား တိုးချဲ့ခြင်း၊ အဆင့်မီပလက်ဖောင်းများ ပြုလုပ်ခြင်းများ
ပြုလုပ်ပေးနေ သော်လည်း လမ်းဘေးဈေး သည်များ၏ စည်းကမ်းမဲ့မှု ကြောင့်
ယာဉ်များလမ်းများ ကျပ်ပိတ်မှုမကြာခဏ ဖြစ်ပေါ် နေလျက်ရှိသည်။
ဖြိုးအောင်
Home
»
မြန်မာ့သတင်း
» ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းကြောင့် စည်ပင်သာယာကိစ္စများ အခက်တွေ့နေသည်ဟုဆို
Subscribe to:
Post Comments (Atom)

Post a Comment