Home
»
မှုခင်း
» သားမောင်းနှင်းတဲ့ဆိုင်ကယ်ကို စီးနင်းလိုက်ပါလာသည့် မိခင်ပြုတ်ကျ၍ သေဆုံး
ယင်းမာပင်၊ မေ ၎
မုံရွာခရိုင် ၊ ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ကျေးရွာအနီးတွင် ယခုလ ၂
ရက်နေ့ မနက် ၁၀ နာရီ ခွဲအချိန်ခန့်က သားဖြစ်သူမောင်းနင်လာသော ဆိုင်ကယ်အား
နောက်မှထိုင်၍ စီးနင်းလိုက်ပါသူ မိခင်တစ်ဦးမှာ
ဆိုင်ကယ်ပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်ခန့်က မုံရွာ - ယင်မာပင်
အဝေးပြေး ကားလမ်း တယ်ပင်ကန်ကျေးရွာအနီးတွင် မုံရွာ မှပြန်လာသော
မော်တော်ဆိုင်ကယ် ယာဉ်အမှတ် ၂၆/ ၆၃၁၂( New Anbo ) ၁၂၅ အမျိုးအစားအား
ယင်းမာပင်မြို့နယ်၊ ဂျပိုင်မြို့ပေါ် ကျေးရွာနေ ကိုအောင်ချွန် အသက်(၂၃)နှစ်၊
(ဘ) ဦးကြည်မြင့် ဆိုသူမှ မောင်းနင်းလာခဲ့ရာ ၎င်း ဆိုင်ကယ်၏ နောက်တွင်
မိခင်းဖြစ်သူ ဒေါ်ကြီး အသက် (၅၅) ၊ (ဘ) ဦးဖိုးသွယ်မှ ထိုင်၍
စီးနင်းလိုက်ပါခဲ့ရာမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူသေဆုံးခဲ့ရမှုအပေါ် ယင်းမာပင် ရဲစခန်း ယာဉ်(ပ) ၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က) အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Monywa Times
Post a Comment