ကားလောကမှာ အတော်လေး အသုံးများတယ်လေ။ ဒီကားက ၁၃၀၀ စီစီ ရှိတယ်။ ၁.၃ ရှိတယ်
ဆိုပြီး ပြောနေလိုက်ကြတာ။ ပြီးတော့ အဲဒါကို အင်ဂျင်ပါဝါတဲ့လေ။ လူတိုင်းက
အင်ဂျင်ပါဝါလို့ပြောတော့ ကျနော်တို့လည်း လိုက်ပြီး ပါဝါပေးရတာပေါ့။ ကိုယ်က
တစ်မျိုး ချွန်ထွက် ပြောနေရင် သူဘာပြောနေတာကလည်းလို့ ဖြစ်အုံးမယ်။ ယခု
အဲဒါကို စက်မှု အင်ဂျင်နီယာကျကျ ရှင်းပြပါမယ်။ လူတိုင်း သိတတ်
နားလည်စေရပါမယ်။
အင်ဂျင်ပါဝါ
အမှန်တော့
Engine Power ဆိုတာ အင်ဂျင်စွမ်းအင်ကိုပြောတာပါ။ cc တို့ လီတာတို့နဲ့
ဘာဆိုဘာမှကို မဆိုင်တာ။ အဲဒါကို မသိတော့ "ဒီကားက အင်ဂျင်ပါဝါ ၁၃၀၀ ရှိတာ။
အဲ့ကားက ၁.၃ ရှိတာ အစရှိသဖြင့် ပြောကြပါလေရော။ အမှန်တော့ ပါဝါဆိုရင် သူ့ရဲ့ 
စွမ်းအင်ကို ပြောတာလေ။ ဥပမာ - ဒီမီးသီးရဲ့  ပါဝါက ဘယ်လောက်ရှိလဲလို့
မေးရင် မီးသီးပါဝါ ၁ ကီလိုဝပ်ရှိတယ်လို့ ဖြေ ချင်ဖြေမယ်။ ဒီမီးစက် ပါဝါ
ဘယ်လောက်ထုတ်နိုင်လဲ လို့မေးရင် ၁၀၀ ကီလိုဝပ်နာရီ လို့ဖြေချင်ဖြေမယ်။
ဟုတ်ကဲ့။
ကားမှာဆိုရင် လောင်စာဆီသုံးတဲ့ကားမှာ အင်ဂျင်ပါဝါ ဘယ်လောက်လဲ မေးရင်
မြင်းကောင်ရေကိုဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီကား ပါဝါဘယ်လောက်ရှိလည်းလို့
မေးရင် မြင်းကောင်ရေအား ၅၀၀ ရှိတယ်။ 500 hp ရှိတယ် အစရှိသဖြင့်ပေါ့။ Bhp
လည်းရှိပါတယ်။
လျှပ်စစ်ကားဆိုရင် မြင်းကောင်ရေအစား ကီလိုဝပ်ကိုလည်း
ထည့်သုံး တတ်ပါသေးတယ်။ ဟိုင်းဘရစ်ကားမှာဆိုရင် ဟိုင်းဘရစ် ဘက်ထရီ
ကီလိုဝပ်ဘယ်လောက်ရှိတယ်ဆိုပြီး ဖော်ပြတယ်လေ။ ဒါဆိုရင် အင်ဂျင်ပါဝါ အကြောင်း
အကြမ်းဖျင်း သိပြီပေါ့။
အိုကေ ဒါဆို cc တွေ ပွိုင့် သုံး၊ ပွိုင့်လေးတွေ အကြောင်း ဆက်ပြောမယ်။
အင်ဂျင်အရွယ်အစား
cc
တွေ ပွိုင့်တွေဆိုတာက အမှန်တော့ အရွယ်အစားကို ညွှန်းတာလေ။ cc က cubic
centimetre. liter ကတော့ လူတိုင်း သိတယ် လီတာပေါ့။ ပွိုင့် ၃ ဆိုတာ
အင်္ဂလိပ်လို ခပ်ရှင်းရှင်းသိရင် ၀.၃ လေ။ သို့ပေမယ့် တို့မြန်မာတွေ ညွှန်းတာက
၁.၃ ဗျ။ ပွိုင့် ၅ ဆိုရင် ၁၅၀၀၊ အစရှိသဖြင့်ပေါ့။ ဒါနဲ့ပဲ
မြန်မာကားလောကမှာ အလွယ် ခေါ် စကားတွေ များသထက် များပါလေရော။
၁၃၀၀
စီစီနဲ့ ၁.၃ လီတာက အတူတူပဲ အနောက်က ယူနစ်တွေ ကွဲသွားလို့ ဂဏန်း အပြောင်းလဲ
ဖြစ်တာပါ။ ဥပမာ ၁၂ လက်မ ဆိုရင် ၁ ပေရှိတာမျိုးလေ။ ၁ လီတာမှာ ၁၀၀၀ စီစီ
ရှိတယ်။ ဖော်မြူလာ ရေးပြမနေတော့ဘူး။ ကားရှေ့ မှာ ဖော်မြူလာ နဲ့
သွားထိုင်တွက်နေမှာမှ မဟုတ်တာ။
အရွယ်အစား (Displacement) ဖြစ်ပြီး
အင်ဂျင်မှာ ပါတဲ့ ဆလင်ဒါ လေးလုံးဆိုလည်း လေးလုံး၊ ၆ လုံးဆိုလည်း ၆ လုံး
အားလုံးရဲ့  ထုထည်ပေါင်းပဲ ဖြစ်ပါတယ်။ သီအိုရီဆန်ဆန်ပြောရရင်
ဒီထက်နက်နဲပါတယ်။ သို့ပေမယ့် ဆလင်ဒါ အားလုံးပေါင်း ထုထည်လို့ မှတ်ထားရင်
ရပါတယ်။
အင်ဂျင်ပါဝါနှင့် အရွယ်အစား မှားခေါ်ရခြင်း
အင်ဂျင်ရဲ
့ အရွယ်အစား ကြီးလေလေ ထုတ်နိုင်တဲ့ ပါဝါများလေလေ ပဲလေ။
တိုက်ရိုက်အချိုးကျတယ် ဆိုပါတော့။ ဒီတော့ မင်းကား အင်ဂျင်ပါဝါ
ဘယ်လောက်ရှိလဲလို့ မေးရင် မခံချင်တဲ့ ငနဲက ၅၀၀၀ စီစီ အင်ဂျင်နော်။ ပါဝါ
ဘယ်လောက်လည်း မင်းစဉ်းစားပေါ့ လို့ ဖြေမှာလေ။ ဒီတော့ ဘယ်သူတွေ ပါဝါမေးမေး
မြင်းကောင်ရေကို ဒဲ့ ဖြေတာထက် အင်ဂျင် အရွယ်အစားကိုပဲ ထည့်ထည့်ဖြေကြတယ်။
ဒါနဲ့ပဲ ကားလောကမှာ အင်ဂျင်ပါဝါ မေးရင် စီစီတို့ လီတာတို့ (ပွိုင့်) တို့
နဲ့ပဲ ဖြေပါတော့တယ်။
ဒီလောက်ဆို နားလည်ပြီပေါ့။ ရေးရင်ရေးသလောက် ရှည်နိုင်မယ့် နည်းပညာအကြောင်းမို့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက် ပါတယ်။
--
အောင်ခမ်း (techspace)
--
Subscribe to:
Post Comments (Atom)

Post a Comment