သရုပ်ဖော်ပန်းချီ - ပေါ်ဦးသက်
လူသေသော်လည်း နာမည်မသေသော ဆရာတော်များတွင် မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ လည်းပါဝင်ပါသည်။
ဆရာတော်သည် သက်တော် ၈၀၊ ၂၀၀၈ခု ဧပြီလ ၂၉ရက်နေ့ တွင်
ပျံလွန်တော်မူသည်မှာ ၅နှစ်ပြည့်ပြီးဖြစ်သော်လည်း ဆရာတော်၏ ဘွဲ့ နာမကို
ဆရာတော်နှင့် သက်တူဝါတူ၊ သက်ငယ်ဝါငယ် ဆရာတော်များ၊ တပည့် စာသင်သားများနှင့်
ဆရာတော်၏ တပည့်ဒါယကာ ဒါယကာမများ၊ သာသနာပြုဖော်ပြုဖက်များက ယနေ့ တိုင်
လွမ်းဆွတ် သတိရခြင်း အထိန်းအမှတ်ပွဲများ ယနေ့ တိုင် နှစ်စဉ် ကျင်းပလျက်
ရှိကြပါသည်။
ထိုသို့  အမှတ်တရပွဲများ ကျင်းပရခြင်းမှာ ဆရာတော်၏ အများသူငါထက်
သာလွန်ထက်မြက်သော ပညာအရည်အချင်းနှင့်ပြည့်စုံခြင်း၊
အများအကျိုးဆောင်ရွက်ခြင်း၊ သာသနာ့အန္တရာယ်ကာကွယ်ရာတွင် ရှေ
့တန်းမှဦးဆောင်ခြင်း၊ဘာသာ သာသနာတည်တန့် ပြန့် ပွားရေးအတွက် ရှေ့ ဆောင်ရှေ
့ရွက်ပြုခြင်းတို့ ကြောင့်ဖြစ်ပါသည်။
ဆရာတော်သည် မစိုးရိမ်ကျောင်းတိုက်တွင် သကျသီဟတန်း တက်နေစဉ်အတွင်း
စာဝါလိုက်ဖေါ်လိုက်ဖက်များအားပြန်၍ စာချပေးခြင်းကို ကြည့်ခြင်းအားဖြင့်
ဆရာတော်သည် သူများထက် ပင်ကိုယ်ဥာဏ် သာလွန်ထက်မြက်သကဲ့သို့  စာသင်သား
သူငယ်ချင်းများအား စာပြန်ချပေးရာတွင်လည်း စာချဆရာတော်ကြီးများကဲ့သို့ 
တခမ်းတနားမဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင် အတူထိုင်ပြီး ဆရာတပည့်
ဒူးတိုက်ဆွေးနွေးသည့် ပုံစံဖြင့် ကူညီခြင်းဖြစ်၍ စာသင်ဖေါ် စာသင်ဖက်
သံဃာများ၏ ချစ်ခင်ကြည်ညို လေးစားခြင်းခံရပါသည်။
သို့ ဖြစ်၍ စာချတန်းအောင်မြင်ပြီးသောအခါ
စာချတန်းအောင်ပြီးသူများခြံရံလျက် မစိုးရိမ်ကျောင်းတိုက် တည်ထောင်တော်မူသော
ဆရာတော်ကြီး ဦးသူရိယ ကိုယ်တိုင် ဆရာတော်ဦးကောဝိဒ သီတင်းသုံးရာကျောင်းသို
့သွားရောက်၍မစိုးရိမ်ကျောင်းတိုက်၏ စာချနာယက အဖြစ် ချီးမြှင့်တော်မူသည်။
ဆရာတော် ဦးကောဝိဒသည် စာချဆရာတော်အဖြစ်ဖြင့် မစိုးရိမ်ကျောင်းတိုက်တွင်
စာဝါပို့ ချရုံမက ဥပုသ်နေ့ များတွင် ဒါယကာ ဒါယိကာမများအား ဓမ္မာရုံတွင်
တရားချီးမြှင့်ခြင်း၊ ၀ါတွင်းတွင် မန္တလေး မြောက်ပြင် မျက်စိ၊ နား
နှခေါင်းဆေးရုံအနီးရှိ ဓမ္မာရုံကြီးသို့ ကြွရောက်၍ အဘိဓမ္မာသင်တန်းများပို
့ချသည့်အပြင် နွေရာသီတွင်လည်း ရန်ကုန်မြို့ ငွေကြာယံကျောင်းတိုက်သို
့ကြွရောက်၍ ပါရာဇိကဏ် စာဝါများ ပို့ ချပေးပါသည်။
ဤသို့ ဖြင့် ဆရာတော်ဦးကောဝိဒသည် ဘာသာ သာသနာတော် မညှိုးမခြောက်
မကွယ်ပျောက်စေရန် အားရက်နားရက် မယူဘဲ ကြိုးစားအားထုတ်သဖြင့် ဘုရားသားတော်
ရဟန်းတော်များ သာမက ဗုဒ္ဓဘာသာဝင် သူတော်စင် အမျိုးသားကောင်း
အမျိုးသမီးကောင်း များ၏ ကြည်ညိုလေးစား အားထားရာ ဆရာတော်တပါး ဖြစ်လာသည်သာမက
ယခင်ကထက်ပို၍ ထင်ရှားကျော်ကြားခဲ့ပါသည်။
တဖန် ၂၀၀၇ခု စက်တင်ဘာ ၂၆ရက်နေ့ တွင် နအဖ စစ်အစိုးရက သံဃာများအား
အကြမ်းဖက် နှိမ်နှင်းသည်ကို စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ဤတွင်
သံဃာတော်မျာအရေး ကာကွယ်ပေးရန် ရည်သန်၍ ပီနန်းဆရာတော်ကြီး ဦးပညာဝံသနှင့်အတူ
“သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ချုပ်”
(IBMO) ကို ကမ္ဘာ့ အရပ်ရပ်မှသံဃာတော် ၅၁ပါးဖြင့် ၂၀၀၇ အောက်တိုဘာ ၂၇ရက်နေ
့တွင် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိမြို့ ရှိ
ပီနန်ဆရာတော်ကြီးကျောင်းတွင် ဖွဲ့ စည်းခဲ့ပါသည်။
ဆရာတော်ဦးကောဝိဒသည် ပဓါနာစေရ နာယက ဆရာတော်ကြီးအဖြစ် တာဝန်ယူ၍ ပီနန်ဆရာတော်ကြီးက ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ကြပါသည်။
ဆရာတော်ဦးကောဝိဒသည် သံဃာအရေးတွင် ထိပ်ဆုံးမှ ပါဝင်ဦးဆောင်လာခြင်းဖြင့်
ပြည်တွင်းသာမက ပြည်ပရှိ လူမျိုးခြား တိုင်းတပါးသားများကပါ ဆရာတော်၏
ဆောင်ရွက်ချက်များကို ချီးကျူး၍ အသိအမှတ်ပြုလာကြသည်။ သို
့ဖြစ်၍စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများကို ရဲဝံစွာ ရင်ဆိုင်ခဲ့ကြသည့်
မြန်မာသံဃာတော်အား အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ ၊ ဆန်ဖရန်စစ္စကို
တက္ကသိုလ် အဓိပတိ ခရစ်ယန်ဘုန်းကြီး ပရီဗက်က ဂုဏ်ထူးဆောင်ဘွဲ့ ( Doctor of
Humane Letters )ကို St. Ignatius Church တွင် ချီးမြှင့်ရာ ဆရာတော်
ဦးကောဝိဒက မြန်မာသံဃာတော်များကိုယ်စား ၂၀၀၇-၁၀-၁၄ ရက်နေ
့ကလက်ခံရယူခဲ့ပါသည်။
၂၀၀၈-၄-၂၇ ရက်နေ့ တွင် နယူးယောက်မြို့  ကွင်းစ်ကောင်တီရှိ
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ
့ချုပ်ရုံးခန်းကို “ညီမူရာခန်းမ”ဟူ၍ ဆရာတော်ကိုယ်တိုင် အမည်နာမပေးခဲ့ပါသည်။
ထိုသို့ အမည်ပေးပြီးနောက် ၂ရက်အကြာ (ဧပြီလ ၂၉ရက်) ဘရွက်ကလင်
ရပ်ကွက်ရှိ မစိုးရိမ် သာသနာ့ ဇောတိကကျောင်းတွင် သီတင်းသုံးနေစဉ်
နှလုံးရောဂါဖြင့် ပျံလွန်တော်မူသွားရှာပါသည်။
အမေရိကန်ပြည်နယ် အသီးသီးမှ ရဟန်းပုဂ္ဂိုလ်၊ လူပဂ္ဂိုလ်များနှင့်
အခြားနိုင်ငံအချို့ မှ သံဃာအချိုလည်း ကြွရောက်လာကြပြီး ကျွင်းကျန်ရစ်သော
ဆရာတော်၏ ရုပ်အလောင်းကို ပူဇော်ကန်တော့ကြပါသည်။
ဆရာတော် ပျံလွန်တော်မူသွားပြီးသော်လည်း ဆရာတော်၏ ကျေးဇူးတော်ကို
အမှတ်ရသောအားဖြင့် နိုင်ငံဒေသအလိုက် တပည့်သားမြေးများက နှစ်စဉ်နှစ်တိုင်း
အထိမ်းအမှတ်ပွဲများ ကျင်းပကြပါသည်။
အထူးသဖြင့် နယူးယောက်မြို့ တွင် ဆရာတော်မပျံလွန်တော်မူခင် (ဧပြီ ၂၇)က
ဖွဲ့ စည်းပေးထားခဲ့သောတနင်္ဂနွေအပတ်စဉ် ပဋ္ဌာန်းအဖွဲ့ က ယနေ့ တိုင် တနင်္ဂနွေနေ
့တိုင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသကဲ့သို့  ဆရာတော်အား နှစ်စဉ်ရည်စူး၍
အထိမ်းအမှတ် အခမ်းအနား ကျင်းပကာ ဘုရားအမှူးရှိသော သံဃာတော်များအား
ဆွမ်းခဲဖွယ် စသော လှူဖွယ်ဝတ္တုအစုစုတို့ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ
အမျှဝေကြပါသည်။ဤသို့ ဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်
တပည့်တပန်းများက နှစ်စဉ်နှစ်တိုင်း အမှတ်တရပွဲများကျင်းပကြသည်ကို
ထောက်ရှုခြင်းအားဖြင့် ဆရာတော်ဦးကောဝိဒ ပျံလွန်တော်မူသွားသော်လည်း ဆရာတော်၏
ဘွဲ့ နာမသည်ယနေ့ တိုင် ရဟန်းပြည်သူများ၏ အသဲနှလုံးထဲတွင်
စွဲကပ်လျက်ရှိကြောင်း ထင်ရှားလျက်ရှိပါသည်။
သို့ ဖြစ်၍ ဆရာတော် ဦးကောဝိဒါဘိဝံသသည် လူပင်သေငြားသော်လည်း ဆရာတော်၏
ဘွဲ့ နာမသည် မသေကြောင်း ယနေ့ တိုင် ရဟန်းပြည်သူများ၏
၅နှစ်မြောက်အထိမ်းအမှတ်ပွဲက သက်သေပြလျက်ရှိကြောင်း တင်ပြအပ်ပါသည်။
စာဖတ်သူ သူတော်စင်များ ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသအား ပိုမို၍ ကြည်ညို
လေးစားကြစေရန် ဆရာတော်ကြီး၏ ပညာအရည်အချင်းနှင့် စွမ်းဆောင်ချက်များကို
အကျဉ်းမျှတင်ပြပါမည်။ ၎င်းတို့ မှာ(၁)ပညာအရည်အချင်း – စေတိယင်္ဂဏ ဓမ္မာစရိယ၊
ပရိတ္တိသာသနဟိတ ဓမ္မာစရိယ၊ သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ၊ ဘွဲ
့များရရှိထားပြီးဖြစ်ပါသည်။ ဆရာတော်ကြီးသည် အစိုးရက ချီးမြှင့်သည့်
အဂ္ဂမဟာပဏ္ဍိတဘွဲ့ ကို ငြင်းပယ်ခဲ့သည်။ “မင်းဆိုးမင်းညစ်ကပေးတဲ့ ဆုတံဆိပ်ကို
ငါလက်မခံ” ဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းဖြစ်ပါသည်။
(၂) ပြုစုပြီးကျမ်းများ – မစိုးရိမ် ပါရာဇိကဏ် (
ပထမတွဲ၊ဒုတိယတွဲ၊တတိယတွဲ ) ၊ မစိုးရိမ် သီလက္ခန်အဖြေ၊ မစိုးရိမ် အဌ
သာလနီအဖြေကျမ်းများနှင့် တိပိဋက ပါဠိမြန်မာ အဘိဓါန်ကျမ်း (အဖွဲ့ ဝင်) တို
့ကိုရေးသားပြုစုခဲ့ပါသည်။
(၃) ပရိယတ္တိ စာသင်တိုက်များ – ပုသိမ်မြို့ သာသနရံသီ ပါဠိတက္ကသိုလ်၊
ငါးသိုင်းချောင်းမြို့  ဒေါင်ကြီးရွာ ရွှေကျောင်း ပရိယတ္တိစာသင်တိုက်၊
ငါးပိဆိပ်အောက်ကျောင်း၊ မန္တလေးမြို့ စိန်ပန်းရပ်၊
ယဉ်ပုံပရိယတ္တိစာသင်တိုက်၊ နှင့် ဗုဒ္ဓသာသနာတော် မရောက်သေးသော
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နယ် မန်ပြိန်းကျေးရွာ
မစိုးရိမ်ကျောင်းတိုက်တို့  တည်ထောင်ခဲ့ပါသည်။
(၄) သာသနာပြုလုပ်ငန်း – ပြည်တွင်း သာသနာပြု လုပ်ငန်းများအပြင်၊
ပြည်ပသာသနာပြုလုပ်ရန် စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံဂျပန်နိုင်ငံ၊
အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ များသို့ ကြွရောက်တော်မူပြီး
တရားဒေသနာတော်များကို ဟောကြား ချီးမြှင့်၍သာသနာပြုလုပ်ငန်းများကို
ဆောင်ရွက်တော်မူခဲ့ကြောင်းသိရပါသည်။
(၅) ထူးခြားချက် – ဆရာတော် ဦးကောဝိဒါဘိဝံသ ၏ ထူးခြားချက်မှာ –
ပါရာဇိကဏ် အဋ္ဌကထာကျမ်း ပို့ ချရာတွင် အထူးအောင်မြင်ကြောင်းသိရှိရပါကြောင်း ။
။
ရွှေပြည်စိုး
မေ ၅၊ ၂၀၁၃

Post a Comment