0
ဦးနေဝင်းလက်ထက် ယိုးဒယားက သိရိဒုံကို ဗမာပြည်ကို အလည် ဖိတ်ခေါ်ပါတယ်။
သိရိဒုံကလည်း အိပ်မက်တစ်ခု မက်ထားလို့ ဗမာပြည်ကို လာလည်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။
သိရိဒုံရဲ့ အိပ်မက်က..........အလောင်းဘုရားမင်းလက်ထက် အယုဒယကို တက်သိမ်းတော့ မောင်နှမနှစ်ယောက် တန်ခိုးကြီးဘုရားတစ်ဆူမှာ သစွာဆိုဆုတောင်းသတဲ့၊ ဖြစ်လေရာဘဝတိုင်းမှာ ဗမာပြည်ကို ဆင်းရဲသထက် ဆင်းရဲ၊ ဆုတ်ပျက်သထက် ဆုတ်ပျက်အောင် လုပ်ဆောင်နိုင်တဲ့ သူတွေ ဖြစ်ရပါလို၏။.........တဲ့။
အဲဒိလိုနဲ့ သိရိဒုံလည်း ဗမာပြည်တစ်ဝန်းလှည့်လည်ကြည့်ရှုရင်း ဗမာပြည်ကလည်း ဦးနေဝင်းလက်ထက် ဆုတ်ပျက်မွဲချာနေတာ ဆိုတော့ စိတ်ထဲမှာ ကျေနပ်ပိတိတွေအပြည့်နဲ့ ကျိတ်ပြုံးလေးပြုံးပီး ယိုးဒယားကိုပြန်ရန် လေဆိပ်ကို ဆင်းလေသတဲ့။
သိရိဒုံလေဆိပ်အဆင်း ထုံးစံအတိုင်း အမျိုးသားဧည့်သည်တော်ဆိုရင်သာ လိုက်မပို့ရှိမယ်....အမျိုးသမီးဧည့်သည်တော်ဆိုရင် အမြဲအဆင်သင့်ရှိတဲ့ ဦးနေဝင်းက လေဆိပ်ကို လိုက်ပို့တယ်ပေါ့ဗျာ။
လေယဉ်ပေါ်တက်ခါနီး သိရိဒုံလည်း မရဲတရဲနဲ့ ဦးနေဝင်းကို "နောင်တော်....." လို့ ခေါ်လိုက်သတဲ့။
အဲဒိအခါ ဦးနေဝင်းက သိရိဒုံကို ပြုံးပြုံးကြီးကြည့်ပီး "နှမတော်လေး ....မောင်တော် တာဝန်ကျေပွန်ပါတယ်နော်" ဆိုပီး ပိတိမျက်ရည်တွေကိုယ်စီနဲ့ ခွဲခွာခဲ့ကြတယ်လို့ ဆိုသတဲ့ကွယ်....။
ဦးနေ၀င်းကြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့တာတော့ အထူးပြောဖို့ မလိုတော့ဘူး။
အခုလက်ရှိ တစ်ပတ်မှာ ငါးရက်၊ တစ်ရက်မှာ နှစ်ကြိမ်=နှစ်လုံးထီ
၁၅ ရက်မှာ တစ်ကြိမ်၊ တစ်လ နှစ်ကြိမ်=သုံးလုံးထီ ချဲ
စတာတွေနဲ့ ဗမာပြည်သူတွေကို မှိုင်းတိုက်ထားရုံမက အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဗမာပြည်ရဲ့ ဘာသာရေးပဋိပခတွေကို နိုင်ငံတကာကို သာသာထိုးထိုးလေး တင်ပြပီး ဗမာပြည်ရဲ့ Transitional Period ချိန်လေးမှာ ဗမာပြည်ရဲ့ Image ကို တစ်ဖက်လှည့်နဲ့ ထိုးနှက်တိုက်ခိုက်နေတဲ့ ယိုးဒယားအကြောင်းလေး သတိရစေချင်လို့ တင်ပြပေးတာပါ။
ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ပက်သက်ပီး ထိုင်းပြည်သူတွေကော နိုင်ငံတကာမှာကော မျက်နာမလှဖြစ်နေတဲ့ ယိုးဒယားဟာ ဗမာပြည်ကို ခလောက်ဆန်ပီး ဗမာပြည်ရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုပုံရိပ်တွေကို အရုပ်ဆိုးအကျည်းတန်နေစေခဲ့လေသလား ဆိုတာ ပညာရှင်တွေ ထည့်သွင်းစဉ်းစားကြပါဦး ဆိုတာနဲ့ တစ်လုံးနှစ်လုံးသုံးလုံးတွေနဲ့ မှိုင်းတိုက်ခံထားရတဲ့ ငါတို့ ဗမာပြည်သူတွေလည်း မှိုင်းတွေက ကင်းလွတ်ကြပါစေ၊ ဘာသာရေးကို အသုံးချပီး တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုပုံရိပ်တွေကို ချကျွေးဖျက်ဆီးနေကြတဲ့ အဖျက်သမားအရိပ်မဲကြီးကို ပူးပေါင်းဖော်ထုတ်ကြပါစို

http://www.facebook.com/Danielmyo?hc_location=timeline 

Post a Comment

 
Top