0
လက်ရှိနိုင်ငံရေးအကျဉ်းသား  များ လွှတ်ပေးရေးအတွက် ထပ်မံ  ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားစိစစ်  ရေးကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသားကိုကိုကြီးကပြောကြား  ရာတွင် “အခုလွှတ်လိုက်တဲ့အထဲ မှာ တင်တဲ့စာရင်းနဲ့ လွှတ်တဲ့စာရင်း  ကကွာခြင်းမှုရှိနေတယ်။


သူတို့  တွေကိုတော့ ဘာကြောင့်လွှတ်   တယ်။ သူတို့တွေ့ကိုကြတော့ဘာ ကြောင့် ကျန်တယ်ဆိုတာကို ဆွေးနွေးမှုတွေလုပ်ရမယ်။ နောက်တစ်ခုက နိုင်ငံရေး၊ အကျဉ်း သားတွေကို လွှတ်တဲ့နေရာမှာ ပေတံတစ်ခု၊မူဝါဒတစ်ခုရှိဖို့လိုနေပြီ” ဟု ပြောကြားခဲ့သည်။
နောက်တစ်ခေါက်နိုင်ငံရေး၊ အကျဉ်းသားစိစစ်မှုတွင် ပုဒ်မကို   မကြည်ဘဲ။ နိုင်ငံရေးဆောင်ရွက်   ချက်ကိုကြည့်၍ သီးခြားခွဲဖို့  ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုကိုကြီးကဆက်လက်ပြောသည်။
“ကျန်တဲ့နိုင်ငံရေးအကျဉ်းသား  တွေကို လွှတ်တာတော့လွှတ်မှာပါ။   တကယ်နိုင်ငံရေး၊ အကျဉ်းသား၊ စိစစ်ဖို့ကိစ္စက အရေးပါတဲ့ အဆင့် ဆုံးဖြတ်ရဦးမယ်။ နိုင်ငံရေး အကျဉ်သားဆိုတာဘယ်သူတွေ လဲ။ ဘယ်ပုဒ်မတွေလဲအဓိက ဖမ်းခံရတာနိုင်ငံရေးနဲ့ ဖမ်းခံရ တယ်။ ဒါပေမဲ့ သူတို့ကိုပုဒ်မနဲ့ မကြည့်ဘဲနဲ့ သူတို့ရဲ့နိုင်ငံရေး ဆောင်ရွက်ချက်၊ တခြားပုဒ်မ တွေနဲ့ စွပ်စွဲခံရသူတွေကိုသီးခြား  ခွဲထုတ်ဖို့လိုမယ်”ဟု ၎င်းကပြော ကြားခဲ့သည်။

  ဖြိုးအောင်

Post a Comment

 
Top