ပြီးခဲ့တဲ့လထဲ လူအသေ အပျောက်တွေ ရှိခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ
ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မှာ ဆူပူလှုပ်ရှားသူ ၁၇ ဦးကျော်ကို
ဖမ်းဆီးထိန်းသိမ်း ထားပြီးတော့ ကျန် ၈ ဦးကိုတော့ ပြန်လွှတ်ပေးထားတယ်လို့
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက
ပြော ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်နေပေမဲ့ ပုဒ်မ ၁၈၈
ထုတ်ပြန်ထားသေးတဲ့အတွက် ဒေသခံတွေ ရောင်း ၀ယ်ဖောက်ကားမှုတွေတော့
အဆင်မပြေဘူးလို့ ဥက္ကံမြို့ အနီးအနားနေသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့
ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်သတင်းထောက်
ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment