အင်ဒိုနီးရှားနိုင်ငံကရဲတပ်ဖွဲ့ (Credit: ABC)
အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူလို့
ယူဆထားသူ လူ ၄ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက
ဖမ်းဆီးလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ရဲအရာရှိ Boy Rafli
ရဲ့ အဆိုအရဆိုရင် ရေပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဗုံး ၅ လုံး
သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ယောက်ကို မြန်မာသံရုံးအသွား
လမ်းခွတစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသား
နှစ်ဦးကို ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဂျကာတာ မြို့ပြင်က
အိမ်လုပ်ဗုံးတွေ ထုတ်လုပ်နေတဲ့ နေအိမ်တစ်အိမ်က အမျိုးသားတစ်ဦးနဲ့
အမျိုးသမီး တစ်ဦးကို အကြမ်းသမားတိုက်ဖျက်ရေးဌာနက ထပ်မံဖမ်းဆီး
လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေ
ဖိနှိပ်ခွဲခြားခံနေရတာကို လက်စားချေတဲ့အနေနဲ့ အကြမ်းဖက်သမားလို့
ယူဆရသူတွေက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့
အင်ဒိုနီးရှား ရဲအရာရှိက ပြောပါတယ်။
အခု ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အဖွဲ့တွေရဲ့ တစိတ်တပိုင်းသာဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)

Post a Comment