(၂၀)မိနစ်ခန့်တွင် မှော်ဝန်းမီးပြ ဗော်ယာသို့ ကွေ့လာစဉ် သီလ၀ါMIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာ သောMalacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင်သင်္ဘော၏ ၀ဲဘက် အလယ်ပိုင်းတို့ တိုက်မိပြီး မြန်အောင် သင်္ဘောတစ်ဖက်သို့ တိမ်းစောင်းကာ ရေ များဝင်ရန် မျောပါသွားခဲ့ပြီးChokey Shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ် ကမ်း)အနီးတွင် လုံးဝနစ်မြုပ်သွားခဲ့သည်။ မြန်အောင်သင်္ဘောပေါ်တွင် သင်္ဘော သား (၁၇)ဦးပါဝင်ပြီး တပ်မတော်(ရေ) မှ စစ်သင်္ဘောနှင့် မြန်မာဆိပ်ကမ်း အာဏာပပိုင် ရေယာဉ်တို့မှ ကယ်ဆယ် ခဲ့သဖြင့် ထိခိုက်သေဆုံးသူမရှိဟုသိရ သည်။
မြန်မာ့ရေနံဓာတုလုပ်ငန်းပိုင် မြန် အောင်ရေနံတင်သင်္ဘောအား ရေယာဉ် မှူး ဦးစံတင် မောင်းနှင်ခဲ့ပြီး Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot-39) တို့က မောင်းနှင်ခဲ့ ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်းအသီးသီးပါဝင်သော စုံစမ်း စစ်ဆေးရေးခုံရုံးအဖွဲ့ ဖွဲ့စည်းရန် စစ်ဆေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ညွှန်ကြားရေးမှူး ဦးချို သန်းမောင်က ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
Post a Comment