0
 

Aerosmith ဂီတအဖွဲ့ (ဓာတ်ပုံ - www.bu.edu) 
 အမေရိကန် Hard Rock ဂီတအဖွဲ့တခုဖြစ်တဲ့ Aerosmith အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သူတို့ရဲ့ ဂီတပွဲကို ဖျက်လိုက်ပါတယ်။ 



အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားအခြေစိုက် မြန်မာသံရုံးကို ဗုံးခွဲဖို့ စီစဉ်သူတွေကို ဖမ်းမိတာနဲ့ ပတ်သက်ပါတယ်။ 

အင်ဒိုနီးရှားမှာ ဒီလို ဗုံးခွဲဖို့ကြံစည်သူတွေကို ဖမ်းမိတာဟာ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေလို့ မေလ ၁၁ ရက်နေ့မှာလုပ်မယ့် ဒီဖျော်ဖြေပွဲကို ဖျက်လိုက်တာပါလို့ ပွဲစီစဉ်သူတွေကဆိုပါတယ်။

Aerosmith အဖွဲ့ကလည်း သူတို့ရဲ့ ပရိသတ်တွေကို ပွဲဖျက်လိုက်ရလို့ 
မူရင်းလင့်စိတ်မကောင်းတဲ့အကြောင်း တောင်းပန်စကားဆိုထားပါတယ်။

Post a Comment

 
Top