0






Microsoft လည်း စမတ်ဖုန်း ထုတ်တော့မည်

Microsoft surface ကျောက်သင်ပုန်း ကွန်ပျူတာဖြင့် PC လောကသို့ ၀င်ရောက်လာပြီ ဖြစ်သော Microsoft ကုမ္မဏီသည် ကိုယ်ပိုင် စမတ်ဖုန်းများ ထုတ်လုပ်တော့မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Microsoft ၏ စီအီးအိုဖြစ်သူ Steve Ballmer ကို Wall Street ဂျာနယ်မှ အင်တာဗျူးစဉ်က "HTC, Nokia, Samsung စတဲ့ ကုမ္မဏီများဟာ ကျွန်တော်တို့ Windows phone 8 OS ရဲ့  အဓိက ဖောက်သည်များ ဖြစ်ပြီ အတူလက်တွဲလုပ်ရာတာ ပျော်စရာကောင်း ပါတယ်။ သို့ပေမယ့် လာမယ့်နှစ်မှာ ကျွန်တော်တို့မှာ ထူးခြားတဲ့ တင်ဆက်မှု တစ်ခု ရှိနေပါသေးတယ်။ ဘယ်လို ထုတ်ကုန်တွေ ဘယ်လို ပြသမယ်ဆိုတာတော့ မပြောသေးပါဘူး။" ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖြေကြားမှုနှင့်အတူ Microsoft ကုမ္မဏီမှ စမတ်ဖုန်း ထုတ်မည် ဟူသော သတင်းကိုလည်း နည်းပညာသတင်းမီဒီယာများက အခိုင်အမာဖော်ပြ လာသည့်အတွက် Microsoft မှ ဖုန်း အမှန်တကယ် ထုတ်လုပ်လာနိုင်ချေ ရှိကြောင်း သိရသည်။ လက်ရှိ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်တွင် Windows Phone OS အသုံးပြုသည့် စမတ်ဖုန်းပေါင်း အလုံးရေ ၃.၆ သန်း ရှိသည်ဟု ခန့်မှန်းထားပြီး စမတ်ဖုန်းဈေးကွက်၏ ၂ ရာခိုင်နှနုးကျော်မျှသာ ရှိသေးသည်။

ကိုယ်ပိုင် OS ဖြစ်သော Windows Phone 8 နှင့်အတူ ယင်း OS အခြေခံ စမတ်ဖုန်းကိုပါ တစ်ခါတည်း ဈေးကွက်သို့ ချပြပါက Windows phone ဈေးကွက်နှင့် အခြား OS သုံး စမတ်ဖုန်း ဈေးကွက်တို့ အနည်းငယ် ပြောင်းလဲမှု ရှိလာနိုင်ကြောင်း သိရသည်။
---မူရင်း
Ref: slashgear
Aung Kham (TSJ team)

Post a Comment

 
Top