0







မိုဘိုင်းဖုန်းများအတွက် အသုံးပြုနိုင်သော i office, Exel, Powerpoint အစရှိသဖြင့်တို့ပါဝင်သော Office Mobile -application ကို Microsoft တို့ ၂၀၁၃ နှစ်ဆန်းတွင် ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။

Android, iOS, Windows Phone  အစရှိသဖြင့် စမတ်ဖုန်း OS များအတွက် ထုတ်လုပ်ပေးမည် ဖြစ်သည်။ ယင်း Office Mobile ကို Microsoft Office အကောင့်ဖွင့်ထားသူများအတွက် ပိုမို အခွင့်အရေး ပေးပြီး Option အများစုကို အသုံးပြုစေနိုင်မည် ဖြစ်သည်။ Office 365 service နှင့် Software ကို အသုံးပြုသူများ (Subscriber) များအတွက် editing function ပါဝင်လာမည် ဖြစ်သည်။

ကွန်ပျူတာမှ Microsoft များကို မိုဘိုင်းဖုန်းတွင်းသို့ ဖွင့်ကြည့်ရာတွင် မိုဘိုင်း ဗားရှင်းသို့ အလိုအလျောက်ပြောင်းလဲပေးပြီး အလွယ်တကူ အသုံးပြုနိုင်စေ မည် ဖြစ်သည်။ စမတ်ဖုန်းအတွင်း လိုသလို အသုံးပြုနိုင်သည့် Office Mobile ကို ဈေးနှုန်းမည်မျှသတ်မှတ်၍ ဖြန့်ချိမည်ကို မပြောကြားသေး ကြောင်း သိရသည်။
--မူရင်း-
Ref:pocketlint.

Post a Comment

 
Top