0

လက်ရှိ မြန်မာပြည်က အဘိဓာန် ဘောလ်ပင်တွေလိုပါပဲ။ သို့ပေမယ့် MiniScan EYE  ကတော့ ဘာသာမပြန်ပေးပါဘူး။ စာတွေကိုပဲ ကူးပေးတာ ဖြစ်ပါတယ်။

စာအုပ်ပေါ်က စာတွေအပေါ်ကို Scan ဖတ်ပြီး text တွေကို ကိုယ်တိုင် ပြန်စီပါတယ်။ ပြီးတော့ ကွန်ပြူတာတို့မှာ ထိုးလိုက်ရင် Scan ဖတ်တဲ့ ဓာတ်ပုံမဟုတ်တော့ပဲ စာတွေအဖြစ် ပြန်လည် ဖော်ပြ ပါတယ်။ ဒီတော့ စာများ တကူးတက ရိုက်ကူးစရာမလိုပဲ ဒီတိုင်းကို ကော်ပီ ယူလို့ရမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ Font အမျိုးအစား အတော်များများကို ဖတ်ပေးနိုင်ပါတယ်။ ယင်းဖတ်ထားတဲ့ text image ကို text အဖြစ် ပြန်ပြောင်းပေးပြီး အားတစ်ခါသွင်းလို့ အကြာကြီး အသုံးပြု နိုင်ပါတယ်။

 ဈေးကတော့ မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ ၂၆၀ နဲ့ ကမ္ဘာတစ်ဝန်း ရောင်းချလျက် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

Post a Comment

 
Top