နက်ခ်တိုင်မှာအောင် LED မီးလုံးပါတယ်ဆိုတော့ ဆန်းတာတော့ အဆန်းလေးပါပဲ။
သို့ပေမယ့် နည်းပညာ အဆင့်မြင့်ပါတယ်။ မီးမှောင်နေရင် သူ့အလိုလို
မီးလုံးတွေလင်းပြီး အလင်းရောင် ပေးမှာ ဖြစ်ပါတယ်။
ဒီအတွက်လည်း မီးဘယ်အချိန်လင်း၊ ဘယ်အချိန်ပိတ်ကိုလည်း လိုသလို Option ပေးထားလို့ရပါတယ်။ LED မီးလုံးသေးသေးလေး များ မြှုပ်ပြီး ထည့်ထားတဲ့ နက်ခ်တိုင်က ကြည့်လိုက်ရင် မသိသာ ပါဘူး။ သို့ပေမယ့် အမှောင်မှာ အလင်းရောင်ကောင်းကောင်း ပေးနိုင် ပါတယ်။ ဓာတ်မီးတောင် သီးသန့် ဆောင်ထားစရာ မလိုအပ်တော့ ပါဘူး။
LED မီးလုံးပါ နက်ခ်တိုင် (LED Neckties ) တစ်ခုကို ၃ ဒေါ်လာနဲ့ အမေဇုန် အွန်လိုင်းစတိုးမှာ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

Post a Comment