ဟန်းဆက် ဝေါ်ကီတော်ကီ
ဟန်းဆက်ကို ဝေါ်ကီတော်ကီလို အသုံးပြုလို့ရအောင် Support လုပ် ပေးမယ့် Gadget လေး ဖြစ်ပါတယ်။
AAA ဆိုဒ် ဘက်ထရီ နှစ်လုံနဲ့ အလုပ်လုပ်တဲ့ စက်လေးပါ။ ဘယ်ဖုန်းနဲ့ မဆို ထိုးလို့ရတဲ့ Earpod plug ဖြစ်တဲ့အတွက် အိုင်ဖုန်းတင်မက အခြား သော ဘယ် စမတ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ ရပါတယ်။ အသံတိုး အသံချဲ့  လုပ်လို့ရပြီး Conversation လုပ်တဲ့အခါ တကယ့် ဝေါ်ကီတော်ကီလိုပဲ တစ်ဖက်က ပြောလိုက်၊ တစ်ဖက်က ပြောလိုက်နဲ တစ်လှည့်ဆီပြောလိုက်နဲ့ မကြည်လင်တဲ့ အသံသဘောမျိုးတောင် သဘာဝကျအောင် ပြုလုပ်ဖန်တီး ပေးထား ပါတယ်။
အသံတိုးအသံချဲ့  လိုသလို ထားနိုင်ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
Post a Comment