အမှန်တရားကို လိုလားသော ပြည်မြို့သူမြို့သားများမှ ၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀
ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတား အောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို
စစ်သားသုံးယောက်မှ လုယက်ပြီး ကောင်လေးကို လည်ပင်းလိမ်ချိုး သတ်ဖြတ်ပြီး
ရေထဲမျှောကာ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားသတ်ဖြတ်ခဲ့သော
တပ်မတော်စစ်သားသုံးယောက်ကို ဥပဒေနဲ့အညီထိရောက်စွာ အရေးယူ ပေးစေလိုခြင်းငှာ
“အမှန်တရားကိုဖော်ထုတ်ပေးပါ” ဟူသော စတမ်းများကို လိုက်ပါပို့ဆောင်သော ကား ၊
ဆိုင်ကယ်တို့တွင်ကပ်ကာ ယနေ့နေ့လည် ၃နာရီ၁၅မိနစ်တွင်
ကျန်ရစ်သူမိသားစုနှင့်အတူ အမှန်တရားကိုလိုလား သော
ပြည်မြို့သူမြို့သားများမှ လိုက်ပါပို့ဆောင်ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။
ဥပဒေနှင့်အညီ
ထိရောက်စွာအရေးယူပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့်တကွ
နိုင်ငံတော်အကြီးအကဲများကို ကျနော်တို့ပြည်မြို့သူမြို့သားများမှ
သစ်ထူးလွင် သတင်းစာမျက်နှာမှ တဆင့် တောင်းဆိုအပ်ပါတယ်ခင်ဗျား။
ပြည်မြို့ သူ မြို့ သားများ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Home
»
မြန်မာ့သတင်း
» ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လိုက်ပါပို့ ဆောင်သူများ “အမှန်တရားကိုဖော်ထုတ်ပေးပါ” ဟု ဆန္ဒထုတ်ဖော် (ရုပ်/သံ)
Subscribe to:
Post Comments (Atom)
Post a Comment