ကမ္ဘာ့ဈေးအကြီးဆုံး Flash Drive
32 GB Stick တစ်ချောင်းရဲ့  တန်ဖိုးက ဒီတိုင်းဆို တန်ဖိုးမများပေမယ့် ပုံမှာ ပြထားတဲ့အတိုင်း အလှဆင်လိုက်တော့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃သိန်း၇ သောင်း တောင် ရှိသွားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ လက်ဝတ်ရတနာ ကုမ္မဏီတစ်ခုက တီထွင်ဖန်တီး လိုက်ခြင်း ဖြစ်ပြီး luxury Magic Mushroom USB flash drive ဖြစ် ပါတယ်။ စိန်၊ ရွှေ၊ နဲ့ အခြား အဖိုးတန် ရတနာ များနဲ့ပါ အလှဆင် ထားပြီး 32GB ကိုအရေခွံ ခြုံပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။
သို့ပေမယ့် အဖြုတ်အတတ်လုပ်ဖို့တော့မလွယ်ပါဘူး။ 32GB flash drive တစ်ချောင်းဝယ်ရင် အပြင်က မှိုပွင့်ပုံသဏ္ဍန် လက်ဝတ် ရတနာက ပါပြီးသား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃သိန်း၇သောင်း ရှိတဲ့အတွက် ကမ္ဘာ့ဈေး အကြီးဆုံး Flash Drive အဖြစ် မှတ်တမ်းတင် ထားကြောင်း သိရ ပါတယ်။
-
Ref: techblog
Aung Kham (TSJ team)
Post a Comment