0

မင်္ဂလာမဆောင်မီ စိတ်ဖိစီးမှုများတာက သင့်ကို ဝဖြိုးလာစေပါတယ်။ လတ်တလောလေ့လာမှု အရ အမျိုးသမီးတွေဟာ အချစ်ကို တွေ့ရှိချိန်မှာ ဝလာတာကို တွေ့ရှိရပါတယ်။ Las Vegas မှာရှိတဲ့ Sociological Association က အမျိုးသမီးတွေ ဟာ လက်ထပ်ပြီးချိန်မှာ ကိုယ်အလေးချိန်တက် လာပြီး အမျိုးသားတွေကတော့ လင်မယားကွဲကွာ ပြီးချိန်မှာ ကိုယ်အလေးချိန်တက်လာတတ်တယ်လို့ ပြောပါတယ်။



အသက် ၃ဝ ကျော်လာတဲ့ အမျိုးသား၊အမျိုးသမီးတွေဟာ အိမ်ထောင်ပြုသည်ဖြစ်စေ၊ လင်မယားကွဲကွာတာဖြစ်စေ၊ တစ်ကိုယ်တည်း ဘဝနဲ့ ရပ်တည်နေသူတွေထက် အနည်းငယ်ပိုဝတာကို တွေ့ရပါတယ်။ ပညာရှင်တွေက ဒီလိုအချိန်မှာ အမျိုးသားတွေ၊ အမျိုးသမီးတွေ ကိုယ်အလေးချိန် ဘာကြောင့်တက်လာရလဲဆိုတာကိုတော့ သေသေချာချာ မ ပြောနိုင်ခဲ့ပါဘူး။ အမျိုးသမီးတွေက အိမ်ထောင်ပြုပြီး ရင် အိမ်မှုကိစ္စ၊ သားသမီးကိစ္စတွေ ဆောင်ရွက်ရတာ၊ လေ့ကျင့်ခန်းမလုပ်နိုင်တာ၊ ပဋိသန္ဓေတားဆေးသုံးစွဲရ တာတွေကြောင့် ကိုယ်အလေးချိန်တက်လာတာလို့ လည်း မှတ်ချက်ပြုပါတယ်။
ဘာကြောင့် ကိုယ်အလေးချိန်တက်လာတာလဲ
လေ့လာမှုအသစ်အရ အမျိုးသားတွေက အိမ်ထောင်ကွဲကွာပြီးတဲ့အခါ ကိုယ်အလေးချိန်တက်လာတတ်ပြီး အမျိုးသမီးတွေကတော့ အိမ်ထောင်ကျပြီးတဲ့အခါ ကိုယ်အလေးချိန်တက်လာပါတယ်။ အမျိုးသမီးတွေက အဆီ၊ အချိုများတဲ့ အစားအစာတွေကိုအမျိုးသားတွေထက် ပိုစားကြပြီး စိတ်ဖိစီးမှုခံစားရတဲ့အခါမှာလည်း အစာပိုစားတတ်ကြပါတယ်။ အဝလွန်မှုဆိုင်ရာလေ့လာမှုတစ်ရပ်က အမျိုးသမီးတွေ ဟာ အိမ်ထောင်ပြုပြီး နှစ်နှစ်အတွင်းမှာ ၆-၈ ပေါင် တက်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၁) အမျိုးသားစားသော ပမာဏထက် လျှော့စားပါ
ယောက်ျားလေးတွေက မိန်းကလေးတွေထက်ကယ်လိုရီလောင်ကျွမ်းမှု ပိုများတာကြောင့် မိန်းကလေးတွေထက် အစာပိုစားပေမယ့် ကိုယ်အလေးချိန်တက်မလာပါဘူး။ ဒါပေမဲ့ သင်က အမျိုးသားစားတဲ့ပမာဏနဲ့ယှဉ်ပြီး စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

(၂) ပန်းကန်ပြားအရွယ်အစားလျှော့ပါ
သင့်အိမ်မှာ ထမင်းစားတဲ့ ပန်းကန်ပြားအရွယ်အစားကို နှစ်ခုခွဲထားပါ။ သင့်အမျိုးသားရဲ့ထမင်းပန်းကန်ထက် သင့်ပန်းကန်က အရွယ်အစား ပိုမိုသေးငယ်တာမျိုးကို ရွေးဝယ်ထားပါ။ ဒီလိုရွေးဝယ်ထားပါမှ သင့်အမျိုးသားထက် အစာပိုလျှော့စားမိစေမှာ ပါ။

(၃) မဆာဘဲ မစားပါနှင့်
ညစာဖြစ်စေ၊ အပြင်ထွက်စားတာပဲ ဖြစ်စေသင်မဆာတဲ့အခါ အမျိုးသားနဲ့ အတူလိုက်မစားပါနဲ့။ သင့်အမျိုးသား အစာစားတဲ့အခါ သင်က ကော်ဖီ တစ်ခွက် ဒါမှမဟုတ် ဖျော်ရည်တစ်ခွက်သောက်ပြီး အဖော်ပြုပေးနိုင်ပါတယ်။

Ref : Good Health

မူရင်းလင့်

Post a Comment

 
Top