0





သင့်မျက်ဝန်း နုပျိုနေအောင်

အိုမင်းမှုလက္ခဏာကို ပထမဆုံးပြသတဲ့ အစိတ်အပိုင်းတွေက မျက်ဝန်းတွေပဲဖြစ်ပါတယ်။ မျက်ဝန်းတွေ တောက်ပပြီး ညိုမည်းမှုကင်းအောင်၊ ဖောင်းအစ်မှုကင်းအောင်နဲ့ အရေးကြောင်းကင်းအောင်လုပ်နိုင်မှသာ မျက်ဝန်းနုပျိုလှပနေမှာဖြစ်ပါတယ်။


အိုင်းခရင်မ် လိမ်းပါ။

''အိုင်းခရင်မ်ကို လိမ်းသင့်သလားလို့ မေးတိုင်းလိမ်းသင့်တယ်လို့ ပြန်ဖြေတယ်''လို့ အရေပြားအထူးကု တွဲဖက်ပါမောက္ခပက်ထရစ်ရှာက ဆိုပါတယ်။ သင်လိမ်းမယ့် အိုင်းခရင်မ်က သေချာစစ် ဆေးစမ်းသပ်ပြီးသားဖြစ်ဖို့ လိုပါတယ်။ ကော်လာဂျင် ထုတ်လုပ်မှု ကောင်းစေနိုင်တဲ့ ရက်တီနော  (Retinol)) ဒါမှမဟုတ် ပက်ပ်တိုက် (Peptides)တွေပါတဲ့ အမျိုးအစားကို ရွေးသုံးရင် မျက်ဝန်းအောက်က အရေးကြောင်းတွေကို ပါးစေကာ အရေပြားကို တင်းရင်းစေပြီး ဖောင်းအစ်မှု ကင်းစေပါတယ်။ ''တကယ်လို့ ဗီတာမင် စီ၊ ဗီတာမင် အီး idebenone တို့လို  တို့လို အင်တီအောက်ဆီးဒင့်ပါတဲ့ အိုင်းခရင်မ်အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုတို့ကြောင့် အရေးကြောင်းထင်တာနဲ့ မျက်ကွင်းညိုတာတို့ ဖြစ်စေ နိုင်တဲ့အတွက် ဒီလိုမ ဖြစ်အောင် အင်တီအောက်ဆီးဒင့်ပါတဲ့ အိုင်ခရင်မ်က ကာကွယ်ဟန့်တား နိုင်ပါတယ်။

နေရောင်ကာ ခရင်မ် လိမ်းပါ

''အမျိုးသမီးအများစုဟာ မျက်ဝန်းတစ်ဝိုက်မှာ နေကာခရင်မ်လိမ်းလေ့မရှိတတ်ပါဘူး။ အကြောင်းကတော့ မျက်စိထဲကို ဝင်ရင် ကျိန်းစပ်တတ်လို့ပါ။ ဒါပေမဲ့ အိမ်အပြင် မထွက်ခင် မိနစ် ၃ဝ အလိုမှ လိမ်းထားရင် မျက်ဝန်းအပါအ၀င် မျက်နှာတစ်ခု လုံးကို အပြည့်အဝ စုပ်ယူရရှိသွားပါတယ်။ အဲဒီအခါ မျက်စိထဲကို နေကာခရင်မ် ဝင်နိုင်ခြေ မရှိတော့ပါဘူး။

မျက်ဝန်းကို မပွတ်ပါနဲ့

မျက်ဝန်းတစ်ဝိုက်က အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ပါ။ အထူးသဖြင့် မျက်ဝန်းကို သန့်စင်တဲ့အခါမှာ ပိုပြီးသတိထားပါ။ အဆီဓာတ် အခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးနဲ့ မျက်ဝန်းမိတ်ကပ် တွေကို ဖျက်ပေးပါ။ မျက်ဝန်းကို အဝတ်စနဲ့ ခပ်ကြမ်းကြမ်း မပွတ်တိုက်ပါနဲ့။ ပင်ပန်းနေချိန်မှာ မျက်ဝန်းကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ရင် အရေပြားရဲ့ ဆံချည်မျှင် သွေးကြောတွေကို ထိခိုက်ကာ မျက်ကွင်းညိုတာကို ပိုဆိုးစေနိုင်ပါတယ်။

Ref : Good Health

မူရင်းလင့်

Post a Comment

 
Top