ဆံကေသာ တောက်ပြောင်လှပမှုက မိန်းကလေး တစ်ယောက်ရဲ့ တင့်တယ် လှပမှုကို
ပံ့ပိုးပေးပါတယ်။ သင့်ဆံသားတွေ တောက်ပြောင်လှပစေဖို့ အောက် ပါ
အိမ်တွင်းနည်းလမ်းတွေနဲ့ အလွယ်တကူ ပြုပြင်နိုင် ပါတယ်။
(၁) လက်ဖက်ခြောက်ရည်
သင့်ဆံသား တောက်ပြောင်လှပစေဖို့ လက်ဖက်ခြောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ဆူနေတဲ့ရေထဲကို လက်ဖက်ခြောက်သင့်တော်ရုံခတ်ပြီး အအေးခံပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ခေါင်းလျှော်ရည်စင်အောင် ရေဆေးချပြီး လက်ဖက်ခြောက်ရည် လောင်းပြီး ထပ်မံဆေးပေးပါ။
(၂) ဘီယာ
ဘီယာကို ဆံသားတောက်ပြောင်ဖို့အတွက်အသုံးပြုမယ်ဆိုရင် ခေါင်းလျှော်ပြီးလို့ ရေဆေးချပြီးတဲ့အခါ ဆံသားအနှံ့ ဘီယာကို ထပ်မံလောင်းဆေးပါ။
(၃) ရှောက်ရည်
ရှောက်သီးကို အရည်ညှစ်ပြီး ရလာတဲ့ ရှောက်ရည်ကို ရေနဲ့ရောပါ။ ခေါင်းလျှော်ပြီး ရေဆေးချပြီးနောက် ရေနဲ့ရောထားတဲ့ ရှောက်ရည်နဲ့ ဆံသားအနှံ့ လောင်းချပေးပါ။
(၄) ရှာလကာရည်
ဆံသားတောက်ပြောင်ဖို့အတွက် ရှာလကာရည်ကို ခေါင်းလျှော်ပြီး ရေဆေးချပြီးချိန်မှာ ဆံသား အနှံ့လောင်းပေးနိုင်ပါတယ်။
(၅) ပျားရည်
ပျားရည်က ဆံသားတောက်ပြောင်စေရုံသာမကဘဲ ဦးရေပြားရဲ့ အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ပျားရည်လက်ဖက်စားဇွန်း သုံးဇွန်းစာနဲ့ ရေ တစ်လီတာနဲ့ ရောပြီး ခေါင်းလျှော်ပြီးတဲ့အခါ ဆံသား အနှံ့လောင်းချပေးပါ။
(၆) မုန့်ဖုတ်ဆော်ဒါ
သင်ခေါင်းလျှော်တဲ့အခါ မုန့်ဖုတ်ဆော်ဒါအနည်းငယ် ထည့်ပြီး လျှော်ပါ။ ဦးရေပြားပေါ်မှာရှိတဲ့ အညစ်အကြေးတွေနဲ့ ဆံသားကို စေးကပ်ကပ်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး တောက်ပြောင် လှပစေပါတယ်။
(၇) ကော်ဖီ
ကော်ဖီမှုန့်ကို နှပ်ပြီး ရလာတဲ့ အရည်ကို အအေးခံပါ။ ခြောက်သွေ့နေတဲ့ ဆံသားပေါ်ပြီး လောင်းချပြီး မိနစ် ၂ဝ လောက်ထားကာ ခေါင်းလျှော် ချလိုက်ပါ။ ဆံသားတောက်ပြောင် သန်စွမ်းစေပါ တယ်။
(၈) ကြက်ဥ
သင့်အိမ်မှာပဲ ကြက်ဥနဲ့ ခေါင်းလျှော်ရည်ပြုလုပ်ပြီး လျှော်ပေးပါ။ ကြက်ဥခေါင်းလျှော်ရည်ပြုလုပ်ဖို့ ကြက်ဥတစ်လုံး၊ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း၊ ရှောက်ရည်လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သံလွင် ဆီနဲ့ ဆိုဒီယမ်ဟိုက်စရောဆိုဒ်တို့ပေါင်းပြီး လုပ်ထား တဲ့ ဆပ်ပြာထမင်းစားဇွန်းတစ်ဇွန်းတို့ကို သန့်စင်တဲ့ရေ ဒါမှမဟုတ် လက်ဖက်ခြောက်ရည် ခွက်တစ်ဝက်နဲ့ Baby Oil အနည်းငယ် ရောစပ်ပြီး မွှေစက်ထဲထည့် မွှေပါ။ ရလာတဲ့ ကြက်ဥခေါင်းလျှော်ရည်က သင့်ဆံ သားတွေ တောက်ပြောင်လှပစေပြီး ဆံပင်ကိုလည်း သန်စွမ်းကျန်းမာစေပါတယ်။
(၉) ဗောက်ပျောက်စေရန်
သင်ခေါင်းလျှော်တိုင်း ခေါင်းလျှော်ရည် အသုံး ပြုပြီး လျှော်တဲ့အကျင့်ကို ပြောင်းလဲပြီး ဦးရေပြားနဲ့ ဆံသားအနှံ့ ရေစိုအောင် လောင်းပါ။ မုန့်ဖုတ်ဆော်ဒါ ကို ဆံသားအနှံ့ လိမ်းပြီး ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ဦးရေပြားမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆံသားကို နူးညံ့ပျော့ပြောင်းကာ ဗောက်ပျောက်စေပါတယ်။
(၁ဝ) ဒိန်ချဉ်
ဒိန်ချဉ်ကို ဆံပင်ပေါင်းဆေးအနေနဲ့ အသုံးပြုနိုင် ပါတယ်။ ဒိန်ချဉ်ကို ဆံသားအနှံ့ သုတ်လိမ်းပြီး တ ဘက်နဲ့ ခေါင်းပေါင်းထားပါ။ မိနစ် ၂ဝ-၃ဝ လောက် အကြာ ဦးရေပြားမှာ သုတ်လိမ်းထားတဲ့ ဒိန်ချဉ်တွေ ခြောက်သလောက်ဖြစ်တော့မှ ရေလောင်းချပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။
Tip
သင်က ဓာတ်မတည့်မှု ဖြစ်ဖူးတယ်ဆိုရင် သဘာဝပစ္စည်းတွေ သုံးစွဲတယ်ဆိုပေမယ့်လည်း သတိထားဖို့ တော့ လိုပါတယ်။
Ref : Good Health

Post a Comment