0

တစ်နှစ်စာ ဝင်ငွေကို ကြေညာပြီး Microsoft တို့ စီးပွားရေး ကျဆင်းနေမှု အပေါ် စိတ်မကောင်း ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်မှ တရားဝင် ကြေညာထား ပါတယ်။

အမေရိကန်ဒေါ်လာ ၁၆.၀၁ ဘီလျံရှိပြီး ယမန်နှစ်က ၁၆. ၄၂ ဘီလျံ ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၈ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်ပါတယ်။  သို့ပေမယ့် Windows Upgrade Offer အတွက် ၁.၃၆ ဘီလျံ ထပ်မံ ရရှိဖို့ ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယခုနှစ် ဝင်ငွေရရှိမှုဟာ ယမန်နှစ်ထက် နည်းပြီး Windows 8 ဖြန့်ချိတဲ့အခါ မျော်မှန်းထားသလို ငွေမဝင်မှာ Microsoft စိုးရိမ်နေပါတယ်။

ထုတ်လုပ်ထားတဲ့ Windows 8 OS အသစ်အပေါ် ကျေနပ်သူ ရှိသလို စိတ် တိုင်းမကျသူများလည်း များပြားနေပါတယ်။ ဈေးနှုန်းလည်း ကြီးတဲ့အတွက် Upgrade မလုပ်ရန် ဆုံးဖြတ်ထားသူများလည်း ရှိကြောင်း ဆိုပါတယ်။ User Interface ပြောင်းလဲမှု သိပ်အများကြီး မလုပ်ထားတဲ့အတွက် OEM ထွက်ရှိ မှုမှာတောင် ဝေဖန်မှုတွေ များပြားနေပါတယ်။ Microsoft Surface ကျောက် သင်ပုန်း ကွန်ပျူတာ အရောင်းသွက်ရန် လည်း  ကြော်ငြာခ အမြောက် အများသုံးထားပြီး Windows 8 အတွက် လည်း ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ထားပါတယ်။

တကယ်ထွက်ရှိတဲ့ အောက်တိုဘာ ၂၆ ရက်နောက်ပိုင်းမှာ Microsoft ရဲ့  ဝင်ငွေ ပြန်လည် မြင့်တင်လာဖို့ မျော်လင့်ထားကြောင်း သိရပါတယ်။
----မူရင်း-
Ref:pocketlint
Aung Kham (TSJ team)

Post a Comment

 
Top