Sony ရေစိုခံ Tablet- Xperia Tablet S
ထွက်ရှိတာကတော့ စက်တင်ဘာလ ကတည်းက ဖြစ်ပါတယ်။ သို့ပေမ့ယ် ကြားထဲမှာ ရောင်းချမှု ယာယီရပ်သွားပါသေးတယ်။ အကြောင်းအရင်း ကတော့ ရေစိုခံရန် ပြုလုပ်ထားတဲ့ Casing နဲ့ touchscreen Display ကြားမှာ ဆက်စပ်မှု ချို့  ယွင်းလို့ ဖြစ်ပါတယ်။ ယခုတော့ ဈေးကွက်ကို တစ်ကြော့ပြန်လည် ရောက် ရှိလာပြီ ဖြစ်ပါတယ်။
စစချင်းမှာ maintenance လုပ်လိုက်ရပေမယ့် ယခု နောက် တစ်ဖန် ပြန်ရောက်လာတဲ့ Sony ကျောက်သင်ပုန်း ကွန်ပျူတာ များကတော့ အကောင်းဆုံး ဖြစ်ရမယ်လို့ အာမခံ ထားပါတယ်။ Xperia ကနေ ပထမဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်း မဟုတ်တဲ့ Tablet မို့လို့ ဖြစ်ပါတယ်။ 16GB, 32GB, 64 GB သုံးမျိုး ထုတ်လုပ်ပြီး ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၄၀၀၊ ၅၀၀၊ ၆၀၀ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မျာဆိုရင်လည်း ၄ သိန်း၊ ၅ သိန်း၊ ၆ သိန်း ဝန်းကျင် ပေါက်ဈေးရှိမယ့် Tablet များပဲ ဖြစ်ပါတယ်။
Sony အမာခံ ပရိတ်သတ်များ မြန်မာပြည်မှာ အခိုင်အမာ ရှိနေပါတယ်။ လက်ရှိမှာလည်း Xperia စမတ်ဖုန်း သုံးနေတယ် Tablet တစ်လုံးလည်း ဝယ်ဖို့ စိတ်ကူးထားရင် Xperia Tablet S ကိုရွေးချယ်နိုင်ပါတယ်။
Operating system : Android 4.0.3 Ice Cream Sandwich
CPU : Nvidia Tegra 3, quad core, 1300 MHz
Storage capacity : 16/32/64 GB
Memory : 1GB
Sound : Internal speakers
Input : Multi-touch touchscreen display
Camera : Rear: 8.0 MP
Front: Yes
Connectivity : Wi-Fi 802.11b/g/n
3G HSDPA in UK
Weight : 585g (20.64oz)
Dimensions : 10.71 x 10.24 x 1.57 inches
-
ရေစုံခံ Tablet ဖြစ်တာနဲ့တင် Xperia က တော်တော်စားနေပါပြီ။ Processor ပိုမြန်ဖို့ ဦးစားပေးပါတယ်။ ကင်မရာ ကောင်းပါတယ်။ ပေါ့တယ်။ ပါးတယ်။ အစရှိသဖြင့် Hardware အပိုင်းမှာ အချီးကျုးခံထားရတဲ့ Tablet ဖြစ် ပါတယ်။ Sony Tablet S ကို မြန်မာပြည်မှာလည်း ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။
--မူရင်း
Ref: Sony
Aung Kham (TSJ team)
Post a Comment