ဖုန်းလာလျှင် အသံမြည်စေမည့် တက်တူးကို Nokia တို့တီထွင်
တီထွင်ရုံတင်မက မူပိုင်တောင် တင်ထားပြီဖြစ်တဲ့ နည်းပညာလို့ ဆိုပါတယ်။ Ferromagnetic ကို အသုံးပြုပြီး ထိုးမယ့် သတ္တု ဖြစ်ပြီး ဖုန်းလာတာတို့၊ Message ရောက်လာတာတို့ဆိုရင် အသံမြည်မှာ ဖြစ်ပါတယ်။
ဘယ်နေရာမှာထိုးထိုးရပါတယ်။ Wireless နည်းပညာနဲ့ ယင်းသတ္တုထိုးထား တဲ့ အကွက်ဆီကို ရောက်အောင် ပို့မှာ ဖြစ်ပါတယ်။ ကိုယ်ပေးထားတဲ့ Option အလျောက် တုန်ခါစေမယ့် နည်းလမ်းကိုလည်း အမျိုးမျိုး အသုံးပြုလို့ ရပါတယ်။ VIP call အတွက် ဘယ်လိုတုန်ခါရမယ်။ Family အတွက် ဘယ်လို တုန်ခါရမယ်လို့ ဖုန်းကနေ Option ပေးထားလို့ ရပါတယ်။
သတ္တအရွယ်အစား သေးသေးလေးကနေ အကြီးကြီးအထိ လိုသလို ထိုးနိုင် ပါတယ်။ အသားအရေနဲ့ လူ့ကျန်းမာရေးအတွက် မထိခိုက်စေရဘူးလို့ အာမခံ စစ်ဆေးထားပြီး မကြာမီ Nokia တို့ ဖန်တီးပြုလုပ်ပေးတော့မယ့် နည်းပညာ ဖြစ်ကြောင်း သိရပါတယ်။
--မူရင်း-
Ref: duknow
Aung Kham (TSJ team)
Post a Comment