ရီဟားနား ပဲဆီသည်နဲ့ Facebook ဗိုင်းရက်စ်
ပဲဆီမဟုတ်ပါဘူး။ စက်ဆီပါ။ စက်ဆီဆိုတော့ ကိုကိုမောင်မောင်တွေ အညိမ်မနေပဲ လက်သွားကလိကြလို့ တက်လာတဲ့ လခ့်ကွန်းမန့်များကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ရီဟားနားကတော့ ဘာဖြစ်နေပါပြီတဲ့။ ဘယ်သူတွေနဲ့ ဘာလုပ်နေပါပြီတဲ့။ ဟိုဒင်းအဝှာ ဖြစ်ပါပြီတဲ့ဆိုပြီး Link ပါတဲ့ ကွန်းမန့်တွေ တစ်လိမ့်ပြီးတစ်လိမ့် တက်လာတာ မသိတဲ့သူများက အဟုတ်မှတ်လို့ ကလစ်ဝင်နှိပ်။ သူကိုယ်တိုင်ကလည်း ပဲဆီ၊နှမ်းဆီ၊ စက်စီရောင်းသူ ဖြစ်သွားရပါလေရော။
အချို့ ကျတော့ အဆီချလိုသူများအတွက် ဘယ်နှစ်ရက်အတွင်း အဆီကျစေမယ့် နည်းလမ်းလေးပါ ဆိုပြီးတော့လည်း Link တွေတက် ပါတယ်။ အချို့ ကျတော့လည်း အဟုတ်မှတ်လို့ဝင်နှိပ်ပြီး ခံလိုက်ရပါလေရော။ အရင်ကလည်း ဂျက်စတင်ဘီဘာက ဘယ်သူလေးနဲ့ ဘာဖြစ်နေပါပြီ ဆိုပြီး ပုံသေးသေးလေးနဲ့ ပါလာတော့ ဝင်ကြပါလေရော။ နိုင်ငံခြားမှာ ပိုအဖြစ်များတဲ့ ကိစ္စပါ။ သူက အကောင့်ရဲ့  UI ကို အလွဲ သုံးစားလုပ်တဲ့ ဆော့ဖ်ဝဲဖြစ်ပြီး ကလစ်တစ်ချက်နှိပ်မိရင် ကိုယ် Comment မပေးလည်း သူပေးမယ်။ Status လည်းတင်ရင်တင်မယ်။ Message လည်းပို့ရင်ပို့မယ်။ အင်မတန်ကြောက်စရာပါပဲ။
ကံမကောင်းရင် အကောင့်ပါ ပျောက်သွားနိုင်ပါတယ်။ အရှည်ကြီး ရေးမနေတော့ပါဘူး။ Page တော်တော်များများကလည်း ဒီအတွက် သတိပေးစာတွေရေးနေကြပါပြီ။ ဒီတော့ ယောင်လို့ ကလစ်နှိပ်မိ သူများအတွက် ဖြေဆေးနည်းလမ်းလေးပဲ ထပ်ပေးပါတေ့မယ်။
Account Setting > App
App ကိုဝင်ပြီးရင် ကိုယ်မြင်နေကျ မဟုတ်တဲ့ App တွေအကုန်လုံး ကို ဖြတ်ပစ်လိုက်ပါတယ်။ တကယ်မသုံးတဲ့ App တွေရော ဖြတ် လိုက်တာ အကောင်းဆုံးပါပဲ။
မိမိအသုံးပြုနေတဲ့ Browser တိုင်းရဲ့  Adds On (Ctrl+Shift+A) ကိုဝင် အန္တရာယ်ရှိတယ်လို့ Sign ပြနေတဲ့ Extension တွေ၊ Plug In တွေကို ဖြတ်ပေးလိုက်ရပါမယ်။ ဒါဆိုရင် လုံလောက်ပါပြီ။
ရီဟားနားစက်ဆီ ကွန်းမန့် ဗိုင်းရက်စ်မှ ကင်းဝေးပါစေကြောင်း ဆုတောင်း ပေးလိုက်ရပါတယ်။
--မူရင်း-
အောင်ခမ်း (TSJ team)
Post a Comment