0


Android ရဲ့ နောက်ဆုံးဗားရှင်း Andorid 4.2 (Jelly Bean) ကို ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။

ပထမဆုံး မြင်တွေ့ရမယ့် Jelly Bean နဲ့ စမတ်ဖုန်း၊ Tablet ကတော့ LG နဲ့တွဲထုတ်တဲ့ Nexus 4 စမတ်ဖုန်းနဲ့ Samsung နဲ့ တွဲထုတ်တဲ့ Nexus 10 မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလက ၁၃ ရက်နေ့မှာ ဖြန့်ချိမယ့် ပစ္စည်းသစ်များ ဖြစ်ပါတယ်။ HTC One X , Samsung Galaxy SIII , Samsung Galaxy Note II အစရှိတဲ့ စမတ်ဖုန်းများကတော့ Andorid 4.1.1 အဆင့်ထိပဲ Upgrade လုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။ Nexus 7 - tablet ကတော့ 4.1.2 အထိရမယ်လို့ ဆိုပါတယ်။ Jelly Bean (4.2) အထိ Upgrade ပြုလုပ်နိုင်အုံးမှာ မဟုတ်ပါဘူး။

သို့ပေမယ့် HTC ကတော့ နိုဝင်ဘာလအကုန်မှာ HTC ဖုန်းများ 4.2 -upgrade လုပ်နိုင်ရစေမယ်လို့ အာမခံထားပါတယ်။ Samsung လည်း Google ရဲ့  4.2 အသုံးပြုလို့ ရအောင် ကြိုးစားပေးလျက် ရှိပါတယ်။

လက်တလော Jelly Bean (4.2) အသုံးပြုလိုသူများကတော့ Nexus products တွေပဲ ဝယ်ယူရမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
---မူရင်း
Ref:fudzilla
Aung Kham (TSJ team)

Post a Comment

 
Top