Samsung ရဲ့
Galaxy အမျိုးအစားဖုန်းတစ်ခု ဖြစ်တဲ့ Galaxy Core Plus လို့နာမည်ပေးထားတဲ့ ဖုန်းတစ်လုံးဈေးကွက်ထဲမှာပေါ်ထွက်လာပြန်ပါပြီ။
Engadget ရဲ့ အဆိုအရ Galaxy Core Plus ကို Taiwan မှာရောင်းချမယ်လို့သိရပါတယ်။
Samsung က Core Plus ရဲ့ အဓိက Specs တွေနဲ့ Features တွေကိုပဲ Product Page မှာ တစ်မျက်နှာစာဖော်ပြထားတာ
တွေ့ရပါတယ်။ ဈေးနှုန်းသက်သာအောင်ပြုလုပ်ပေးထားလို့ Hardware တွေက အလယ်အလတ်အဆင့်လောက်ပဲရှိတာတွေ့ရပါတယ်။Galaxy
Core Plus က Galaxy Core မျိုးဆက်ရဲ့ ဒုတိယမျိုးဆက်ဖြစ်ပါတယ်။
Samsung က
Galaxy Core ကို မေ လတုန်းက ရောင်းချခဲ့ပြီး SIM Card နှစ်ခုအသုံးပြုနိုင်ပြီး
Specs ပိုင်းမှာ Samsung Galaxy S2 နဲ့ ဆင်တူပြီး ဒီဇီုင်းပိုင်းမှာတော့ Samsung
Galaxy S3 နဲ့ဆင်တူပါတယ်။ Galaxy Core Plus ကတော့ ဒုတိယမျိုးဆက်ဖြစ်ပေမယ့် ပထမမျိုးဆက်ဖြစ်တဲ့
Galaxy Core ထက် သိပ်ပြီးထူးခြားကောင်းမွန်လာတာ မတွေ့ရပါဘူး။
Android 4.2 OS ကိုသုံးထားပြီး
RAM က 768MB ပဲရှိပါတယ်။ 4 GB Storage ပါရှိမှာဖြစ်ပြီး Storage ကိုထပ်ဖြည့်နိုင်ပါတယ်။
1.2 GHz dual-core processor ကိုအသုံးပြုထားပြီး 800×480 P Resolution ရှိတဲ့ 4.3 လက်မ
Display တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ က 5 Megapixel အရည်အသွေးရှိပြီး မျက်နှာချင်းဆိုင်မှာ
VGA Camera တပ်ဆင်ထားပါတယ်။ Galaxy Core Plus က Galaxy Core ထက် RAM နဲ့ Storage ပိုများပြီး
ကျန်တာတွေကတော့ တူညီနေပါတယ်။
Galaxy Core
Plus က အလွန်ဈေးသက်သာပြီး စတာလင်ပေါင်နဲ့ တွက်ရင် £169
ပဲကျသင့်မှာပါ။
Ref-Myanmar iCT
Post a Comment