ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ
ပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။
အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့
မရပါဘူး။
ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ
ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။
အခု ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။ တပ်မတော် လက်ရှိ တပ်မတော်ကို အစိုးရ စစ်တပ်
လို့ ခေါ်ရတာတောင် ခပ်ခက်ခက်ပါ။ အကြောင်းကတော့ အစိုးရအဖွဲ့ လက်အောက်မှာ ရှိမနေလို့ပါ။
တပ်မတော် သမိုင်းကြောင်းကို ခပ်တိုတို ပြန်ပြောရရင် လွတ်လပ်ရေးရပြီးစ နှစ်တွေမှာ ကွဲထွက်မှု
မျိုးစုံဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်း ပြန်လည် စုဖွဲ့ထားတဲ့ တပ်မတော်ကတော့ ကြီးကြီးမားမား
ကွဲထွက်တာမျိုး ဖြစ်ပေါ်တာ မတွေ့ရတော့ပါဘူး။
အာဏာရှင်တွေ လက်အောက်မှာ ဂိုဏ်းဂဏကြောင့် အုပ်စုလိုက် ဖြုတ်တာ၊ ထုတ်တာ၊ ဖမ်းဆီး
ထောင်ချတာမျိုးတွေ ရှိခဲ့ပေမယ့် ကြီးမားတဲ့ ပုန်ကန်မှုမျိုးတွေလည်း မကြုံခဲ့ရပါဘူး။
ဒီကနေ့အချိန်ထိ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်စရာ ပြဿနာ ကြီးကြီးမားမားရှိနေတဲ့
တိုင် နိုင်ငံတကာ စံချိန်မီ၊ အမိန့်နာခံတဲ့ စစ်တပ်ဖွဲ့ဖြစ်နေသေး တာကတော့ ငြင်းလို့မရပါဘူး။
ဒါက တပ်မတော်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်ပါ။ ဆိုးတဲ့အချက်ကတော့ တပ်မတော်ဟာ
ရာစုနှစ်တစ်ဝက်ကျော်အထိ အာဏာရှင်တွေ လက်ထဲ ကျရောက်ခဲ့တာပါ။ တပ်မတော်ကို
လက်ကိုင်တုတ်လုပ်ပြီး တိုင်းပြည်ကို ထင်သလို စီမံခန့်ခွဲခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်း
ထဲရောက်၊ ဂုဏ်သိက္ခာတွေလည်း ကျဆင်း၊ ကမ္ဘာ့အလယ်မှာလည်း မျက်နှာ ငယ်ခဲ့ရတာပါ။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တပ်မတော် ခေါင်းဆောင်တွေ တိုင်းပြည်ကို အပြောင်းအလဲ
လုပ်စပြုလာပါပြီ။ နိုင်ငံရေးကို ရာခိုင်နှုန်းပြည့် ၀င်စွက်နေတာကနေ နည်းနည်းနောက်ဆုတ်
ပေးလိုက်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမားတွေ စည်းရုံးနိုင်ခဲ့မယ်ဆိုရင် နောက် မျှော်မှန်းလို့
ရတဲ့ ကာလတစ်ခု အတွင်း တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေလို ပရော်ဖက်ရှင်နယ်
တပ်မတော်တစ်ရပ် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
ဆိုလိုရင်းကတော့ တပ်မတော် ပရော်ဖက်ရှင်နယ်ဖြစ်ရေး ကိစ္စဟာ နိုင်ငံရေးသမားတွေ စည်းရုံးနိုင်မှု
နဲ့ နိုင်ငံရေးပြေလည်မှုရရေးအပေါ်မှာ မူတည်ပါတယ်။ အားလုံးဖျက်ပြီး အားလုံးအသစ်ပြန်
တည်ဆောက်ဆိုတာမျိုး လုံးဝမလိုအပ်ပါဘူး။
လက်နက်ကိုင်အင်အား လက်ရှိ မြန်မာ့တပ်မတော်ဟာ သူ့ရဲ့ အင်အားကို လျှို့ဝှက်ထားပါတယ်။
ဒါပေမဲ့ ခန့်မှန်းမှုတွေအရကတော့ အင်အား လေးသိန်းနဲ့ ငါးသိန်းကြားလို့ မှန်းကြပါတယ်။ ဆင်းရဲတဲ့
တိုင်းပြည်တစ်ပြည်အတွက် အလွန်များတဲ့ အင်အားပါ။
နောက်ပိုင်း တပ်မတော်ရဲ့ လက်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို အသွင်
ပြောင်းထားတဲ့ နယ်ခြား စောင့်တပ်ဖွဲ့ ရှစ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ၁၇ ဖွဲ့လည်း ရှိလာပါတယ်။ ခုဆို
နယ်ခြားစောင့်တပ် တပ်ရင်းပေါင်း ၂၃ ရင်း ရှိနေပါပြီ။
နောက်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေပါ။ စုစုပေါင်းအင်အား တစ်သိန်း
ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခု ဒီအင်အားစုတွေနဲ့ အစိုးရ နိုင်ငံရေးအရ ဆွေးနွေး
အဖြေရှာနေကြပါတယ်။
နောက်ပိုင်း ဒီတပ်ဖွဲ့တွေ ဘယ်လိုပုံစံနဲ့ တည်ရှိမလဲ၊ လက်ရှိတပ်မတော်နဲ့ ဘယ်ပုံဘယ်နည်း
ပေါင်းစည်းမလဲဆိုတာတွေကို ဆွေးနွေးကြရတော့မှာပါ။ လူတွေမသိတဲ့ ပြည်သူ့စစ်အင်အား
နောက်ထပ် ပြည်သူတွေ သိပ်မသိသေးတဲ့ ကိစ္စတစ်ခုကတော့ ပြည်သူ့စစ်တွေ ပြဿနာပါ။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅,၀၀၀ ကျော်ရှိပါတယ်။ အလွန်များပါတယ်။ လက်နက်ကိုင်
ထားတဲ့ ပြည်သူ့စစ်ရော၊ လက်နက်ကိုင် မထားသူတွေပါ ပေါင်းရင် ပြည်သူ့စစ်အင်အား စုစုပေါင်း
တစ်သိန်းရှစ်သောင်းကျော် ရှိပါတယ်။
ဒီလူတွေကို အစိုးရက တရားဝင်လစာ၊ ရိက္ခာ ထောက်ပံ့ထားတာ မရှိတဲ့အတွက် ဘယ်လိုရှာဖွေ
စားသောက်နေကြမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အားလုံးပေါင်းလိုက်ရင် မြန်မာနိုင်ငံမှာ
လက်နက်ကိုင် အင်အား ခုနစ်သိန်းကနေ ရှစ်သိန်း ၀န်းကျင်လောက် ရှိနေတဲ့ သဘောပါ။
ဒါဟာ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ ၀န်ထုပ်ပါပဲ။ မြန်မာနိုင်ငံက
ပြည်ထောင်စု တပ်မတော်အကြောင်း ပြောမယ်ဆိုရင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ပြဿနာ
ဖြေရှင်းမယ်ဆိုရင် ဒါတွေအားလုံး လွှမ်းခြုံစဉ်းစားရပါလိမ့်မယ်။
ပင်မ ဖြစ်တဲ့ တပ်မတော်ကြီးကတော့ နိုင်ငံရေးအရ အဖြေရှာပြီး ပရော်ဖက်ရှင်နယ် တပ်မတော်
ဖြစ်အောင် ပြောင်းလဲရပါမယ်။ တပ်အင်အား လျှော့ချပြီး အရည်အသွေးရှိတဲ့ တပ်မတော်တစ်ခု
အဖြစ် အဆင့်မြှင့်တင်ရပါလိမ့်မယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ကိုတော့ တချို့ ပြည်ထောင်စု တပ်မတော်ထဲ ပုံစံ
တစ်ခုနဲ့ ပါဝင်ကြရပါလိမ့်မယ်။ တချို့ လျှော့တန်တာလျှော့၊ တချို့ ဖျက်သိမ်းတန်တာ ဖျက်သိမ်းရပါ
မယ်။ ပြည်သူ့စစ် ဖျက်သိမ်းရေး အလားတူ ပြည်သူ့စစ်တပ်ဖွဲ့တွေဆိုတာလည်း ဖျက်သိမ်းကြရပါ
မယ်။
ဒါကလည်း အကြောင်းရှိပါတယ်။ လောလောဆယ်မှာပဲ အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့
ပတ်သက်တဲ့ ပြဿနာတချို့ မြင်နေရပါပြီ။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ်မှာ
ဘိန်းစိုက်တာ ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး ဘိန်းဖြူထုတ်လုပ်တာကလည်း ၂၆ ရာခိုင်နှုန်း အထိ
တိုးတက်လာတယ်လို့ ကုလ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ သတင်းတွေက ဆိုပါတယ်။
အင်ဖက်တမင်းလို စိတ်ကြွဆေး ဖမ်းဆီးရမိမှုကလည်း တစ်ကြိမ်တည်းမှာကို သိန်းဂဏန်း၊
သန်းဂဏန်း များပြားလာနေပါတယ်။ ဒါတွေက ပြည်သူ့စစ်တွေအနေနဲ့ လက်နက်ကိုင်ထားပြီး
ကိုယ့်စီးပွားကိုယ်ရှာနေရတာ၊ လတ်တလော အပစ်အခတ်ရပ်ထားတာ စတာတွေနဲ့ ဆက်စပ်နေ
ပါတယ်။
အဲလို လက်နက်ကိုင်အင်အားစုတွေ ဖျက်သိမ်းရေး လုပ်ရတာကလည်း မလွယ်ပါဘူး။ ကုလသမဂ္ဂ
စစ်တမ်းတွေအရ လက်နက်ဖျက်သိမ်းခဲ့တဲ့ နိုင်ငံရှစ်နိုင်ငံကို လေ့လာရာမှာ တပ်ဖွဲ့ဝင် အင်အား
ခြောက်သောင်း ခုနစ်ထောင်ကျော် အတွက် ဘတ်ဂျက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ကုန်ကျခဲ့ပါ
တယ်။ လက်နက်ကိုင်တစ်ယောက်ကို လက်နက်ဖျက်သိမ်းဖို့ ကုန်ကျစရိတ် ဒေါ်လာ ငါးသောင်း
ကျော် ရှိနေတဲ့ သဘောပါ။
ဖျက်သိမ်းရမယ့် လက်နက်ကိုင်အင်အား၊ ကုန်ကျရမယ့် ကုန်ကျစရိတ်တွေခန့်မှန်းနိုင်ပါတယ်။
လက်နက်ကိုင် ပြဿနာ ဆွေးနွေးပါ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲခရီးစဉ်
ရှေ့ကို ချီတက်နေပါတယ်။
မကြာခင် တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ပေါ်ပေါက် လာပါလိမ့်မယ်။
ပြီးရင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေး အစည်းအဝေး တွေ ပေါ်ပေါက်လာတော့မှာ
ဖြစ်ပါတယ်။
အဲဒီမှာ ပြေလည်မှုရရင်တော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး မလွဲမသွေ ပေါ်ပေါက်လာမှာ
ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော် ကိစ္စတင်မက စောစောက တင်ပြခဲ့တဲ့ လက်နက်ကိုင်
အင်အားစုတွေရဲ့ ပြဿနာကိုပါ ထည့်သွင်းဆွေးနွေးဖို့ သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
စည်သူအောင်မြင့် - မြန်မာတိုင်း(မ်)
Subscribe to:
Post Comments (Atom)
Post a Comment