Motorola က ဈေးသက်သာတဲ့ Moto
G ကို အွန်လိုင်းကနေ $179 ဖြင့် စတင်ရောင်းချပေးလိုက်ပါပြီ။ Carrier
လိုင်းတွေပါ၀ယ်စရာမလိုတဲ့အတွက်လည်း အဆင်ပြေစေပါတယ်။ သူ့အရင် မျိုးဆက်ဖြစ်တဲ့ Moto
X ရဲ့ ဈေးသက်သာတဲ့ Model လည်းဖြစ်ပါတယ်။ Specification တွေကတော့ အလယ်အလတ်
တန်းဖြစ်ပြီး 1.2GHz quad-core processor , 5MP Camera တို့ကိုအသုံးပြုထားပါတယ်။
၄.၅ လက်မ အရွယ်ရှိပြီး 720p Resolution ရှိပါတယ်။ Android 4.3 Jelly Bean ကို
အသုံးပြုမောင်းနှင်ထားပါတယ်။ 8GB Storage ပါရှိပါမယ်။ January လထဲမှာ Android 4.4
KitKat ကို Update ပေးမယ်လို့ Motorola ကပြောပါတယ်။
တန်ဖိုးကြီးဖုန်းတွေကိုမ၀ယ်နိုင်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံကလူတွေအတွက် Moto G
ကိုထုတ်လုပ်တာဖြစ်ပါတယ် လို့ Motorola ကပြောပါတယ်။ Moto G ကို ဥရောပ မှာမကြာမီ
ရောင်းချတော့မှာဖြစ်ပါတယ်။
Ref-Myanmar iCT
Post a Comment