Qualcomm ရဲ့ ပြိုင်ဖက်ဖြစ်တဲ့
MediaTek က ကမ္ဘာ့ ပထမဆုံး Octa-Core Mobile Processor ဖြစ်တဲ့ MT6592 ကို ဒီနှစ်ကုန်
မှာ ထုတ်လုပ်မယ်လို့ တရား၀င် ကြေညာလိုက်ပါတယ်။ Cortex-A7 Cores ရှစ်လုံးတပ်ဆင်ထားမှာဖြစ်ပြီး
Core ရှစ်လုံးစလုံးဟာ 1.7GHz ကနေ 2GHz အထိ လျှင်မြန်မှုနှုန်း နဲ့ တစ်ပြိုင်နက် အလုပ်လုပ်နိုင်ကြပါတယ်။
Chrome Browser
, Map Apps, Multi-Window အသုံးပြုနိုင်တဲ့ Video Player တွေဟာ Core ရှစ်လုံး ကို အသုံးပြုနိုင်ကြတယ်လို့
MediaTek ကပြောကြားပါတယ်။ MT6592 ဟာ Quad-Core Snapdragon 800 ကိုလည်း ယှဉ်ပြိုင်အနိုင်ယူနိုင်တယ်လို့
ဆက်လက်ပြောဆိုပါတယ်။ ပါဝါအသုံးပြုမှု လေးဆယ် ရာခိုင်နှုန်း လောက်ပဲရှိပြီး အပူချိန်
ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
MT6592 မှာ
16Megapixel Camera တွေကို အထောက်အပံ့ပေးနိုင်တဲ့ Image Signal Processor ပါရှိပါတယ်။
Full HD တွေကို ကောင်းမွန်စွာပြသပေးနိုင်တဲ့ 700GHz အမြန်နှုန်းနဲ့ အလုပ်လုပ်ပေးနိုင်တဲ့
ARM Mali-450 Graphics Processor ပါရှိပါတယ်။ ဂိမ်း တွေကစားရာမှာလည်း အလွန်လျှင်မြန်ကောင်းမွန်လာမှာဖြစ်ပါတယ်။
Video Frame Rate ကို 69fps အထိတိုးမြှင့်ပေးနိုင်လို့ ရုပ်ထွက်တွေကို ကြည်လင်ပြတ်သားစွာမြင်တွေ့နိုင်ပါတယ်။
4K H.264 Video Decoding , Full HD H.265/VP9 Playback တို့ပါရှိတဲ့အတွက် ဖိုင်တွေသိမ်းဆည်းမယ့်နေရာအတွက်
လေးဆယ် ရာခိုင်နှုန်း သက်သာစေပါတယ်။
Ref-Myanmar iCT News
Post a Comment