0
Samsung က တရားဝင်ပြေတာ မဟုတ်သေးတော့ ကြိမ်းသေတော့ မပြောရဲသေးပါဘူး။ သို့ပေမယ့် သတင်းဆိုဒ်တွေ အတော်များများက Samsung ဟာ Galaxy S4 ကို ရေစုံခံ ဗားရှင်း သီးသန့်ထုတ် မယ်လို့ ရေးသား ပြောဆိုနေကြပြီ ဖြစ်ပါတယ်။


ယခု နောက်ဆုံးထွက် ဖုန်းအချို့ ဟာ ရေစိုခံမှုအပိုင်းကို ပိုမို အသားပေး သွားလာမှုကြောင့် Samsung မှလည်း ရေစိုခံမယ့် S4 သီးသန့်ထွက်ရှိစေမယ်လို့ ရေးသား ဖော်ပြထားကြပါတယ်။ တကယ်၍ ထွက်ရှိမယ်ဆိုရင် အဓိက ပြောင်းလဲသွားမှာက အပြင် အခွံ့ဖြစ် ပါ တယ်။ လက်ရှိ အသုံးပြုနေတဲ့ ပလပ်စတစ်အခွံ အစား ရေစိုခံ Sealing ဖြစ်မယ့် အခွံမာ တစ်မျိုးကို ပြောင်းလဲ ထည့်မယ်ဆို ရင် ဖြစ်နိုင်ပါတယ်။

ဖန်သားပြင်ဘေးပတ်လည်မှာလည်း Sealing ဖြစ်စေမယ့် သတ္တု သို့မဟုတ် Material တစ်ခုခုကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ လက်ရှိ Samsung Galaxy S4 ရဲ့  တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၈၀ ကျော်ဖြစ်ပေမယ့် ရေစိုခံ S4 ရဲ့  ဈေးနှုန်းက ပိုမို မြင့်မား သွားနိုင်ကြောင်း သိရပါတယ်။
--
Ref: mashable

Aung Kham (TSJ team)
-

Post a Comment

 
Top