0
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဦးဘူးရယ်သည် ၀န်ကြီးချုပ်တာဝန်ကိုအကြောင်း ပြု၍ ကိုယ်ကျိုးရှာလေ့ရှိသူတစ် ဦးမဟုတ်ကြောင်း ယင်းကိုယ် တိုင်ပြောကြားချက်များနှင့် ယင်း နှင့်နီးစပ်သူများ၏ ထောက်ခံပြော ကြားချက်များအရ သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က မိမိ အနေဖြင့် ဘယ်ကုမ္ပဏီက ငွေ ဘယ်လောက်ယူသလဲဆိုတာ မေးကြည့်နိုင်ကြောင်း၊ မိမိ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက် ၍ အကျိုးအကြောင်းခိုင်မာစွာ ဖြင့် ထောက်ပြဝေဖန်နိုင်ပြီး မကြိုက်လျှင်၊ သဘောမကျလျှင် ပြောနိုင်ကြောင်း၊ မိမိ၏ ဆောင် ရွက်ချက်များသည် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာစေရမည် ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ရာထူး နှင့် မထိုက်တန်ဘူးထင်လျှင် ဒုံး ပေကပ်သပ်လုပ်နေမည်မဟုတ်ဘဲ နှုတ်ထွက်စာတင်၍ နှုတ်ထွက် သွားမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က လွိုင်ကော်မြို့ မြို့တော် ခန်းမတွင်ပြုလုပ်သော ကယား ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ သည်။


““စီးပွားရေးသမားတွေ ငွေ ထုပ်ပိုက်ပြီးလာတာတွေ ရှိပါ တယ်။ အဘက ဒီလိုမျိုးလာတာ တွေကို မကြိုက်ပါဘူး။ လုံးဝ အတွေ့မခံလို့ အပေါက်ဝကနေ ပြန်လွှတ်လိုက်ရတာတွေ အခါခါ ကြုံဖူးပါတယ်””ဟု ပြည်နယ်ဝန် ကြီးချုပ်နေအိမ်တာဝန်ကျ အခြား အဆင့်ရဲဝန်ထမ်းတစ်ဦးက ပြော သည်။
““အဘက ဗိုလ်ချုပ်အောင် ဆန်းကို အလွန်လေးစားမြတ်နိုး တာပါ။ အဘဆီမှာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်းရေးထား တဲ့ စာအုပ်တွေ၊ မိန့်ခွန်းတွေ စုဆောင်းထားတာ အများကြီး ရှိတယ်။ ကျွန်တော်တို့ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အမြဲပြောဆိုတယ်””ဟု ယင်းရဲဝန် ထမ်းက ပြောသည်။
““ခင်လို့မင်လို့ ကြက်ဥတစ် လုံးကို စေတနာနဲ့ လာပေးလို့ ရှိရင်စားမယ်။ နေ့စဉ်ကြက်ဥ အလုံးတစ်ရာကို ဖားတဲ့သဘော နဲ့လာပေးရင်တော့ ဆဲလွှတ်ရ လိမ့်မယ်။ ကျွန်တော့်ကိုဖားတာ လည်း မကြိုက်ဘူး။ ကျွန်တော် ကလည်း မဖားဘူး””ဟု ဧပြီ ၂၂ ရက် ညက နယ်မြေခံသတင်း ထောက်များအား ပြည်နယ်ဝန် ကြီးချုပ်က ယင်း၏ နေအိမ်တွင် ပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်သည့် အစဦးပိုင်းကာလများမှာပင် စီးပွားရေးသမားအချို့က ၎င်းတို့ ၏ လုပ်ငန်းများ လွယ်ကူချော မောစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ် သို့ နည်းမျိုးစုံသုံး၍ ၀င်ရောက်ခဲ့ ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြကြောင်း စီးပွားရေး သမားသတင်းရပ်ကွက်က သတင်း များထွက်ပေါ်နေခဲ့သည်။
သို့ရာတွင် ပြည်နယ်ဝန်ကြီး  ချုပ်နှင့်ပတ်သက်သည့် မှားယွင်း သောသတင်းအချို့ကို အင်တာ နက်စာမျက်နှာ၌ လွှင့်တင်ခဲ့ကြ သူများရှိနေကြောင်း သိရသည်။

Post a Comment

 
Top