မနက်အိပ်ရာနိုးချိန် အလှဆုံးဖြစ်နေအောင်
အလှအပကြိုက်သူတိုင်း ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုနဲ့ အရေပြားကျန်းမာစေမယ့် နည်းလမ်းလေးတွေပါ။
ညဘက်မျက်နှာသစ်ပါ
အညစ်အကြေးနဲ့အဆီတွေက ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ကြာလာတဲ့အခါမှာ ဝက်ခြံတွေထွက်လာပါတော့တယ်။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာ ကို မိတ်ကပ်ဖျက်ဆေး နဲ့ ညင်သာစွာပွတ် လိုက်ပြီး ဂွမ်းဖက်လေးနဲ့ သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သန့်စင်လိုက်ပါ။ အဆီကိုအခြေခံတဲ့ မိတ်ကပ်ဖျက်ဆေး တွေက ရေစိုခံမိတ်ကပ်နဲ့ မျက်တောင် ဆိုးဆေးတွေကိုပါ အလွယ်တကူ ပျက်စေနိုင်ပါတယ်။ သန့်စင်ပြီးတဲ့ သင့်မျက်နှာ ပေါ်မှာ Night Cream ဒါမှမဟုတ် Mosturizer Cream ကို လိမ်းပြီး အိပ်ရာ ဝင်လိုက်ပါ။ မနက်နိုးချိန် ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရပါလိမ်မယ်။
ကော်လာဂျင်အားဖြည့်ပါ
ကော်လာဂျင်ပါဝင်တဲ့ အားဖြည့်ဆေးဖြစ်စေ၊ အလှကုန်ပစ္စည်းဖြစ်စေအ သုံးပြုပေးပါ။ ကော်လာဂျင်ဟာ သင့်အရေပြားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်အါပဲ။ ဗီတာမင် အေ ပါဝင်တဲ့ အရေပြားလိမ်းပစ္စည်းတွေနဲ့ ရတီနောပါဝင်တဲ့ အလှကုန်တွေက သင့်အရေပြားကို တောက်ပြောင်နေစေပြီ၊ အစက်အ ပြောက်ကင်းစေပါတယ်။
Eye Cream လိမ်းပါ
ဗီတာမင် အေ၊ စီ၊ အီးနဲ့ အီးပါဝင် တဲ့ မျက်လုံးလိမ်းတဲ့ ခရင်မ်တွေကို လိမ်း ပေးပါ။ မျက်လုံးတစ်ဝိုက်က အရေပြား ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံးက အရေ ပြားထက်ပိုပြီးပါးလွှာပါတယ်။ အရေး ကြောင်းတွေဖြစ်လွယ်ပြီး၊ မျက်ကွင်းညို တာမျိုးတွေ ပျောက်စေဖို့ ဖော်ပြပါ ဗီတာ မင်တွေပါဝင်တဲ့ Eye Cream မျိုးကို ညတိုင်းလိမ်းပြီး အိပ်ရာဝင်ပါ။
အိပ်စက်မှုပုံစံ
ဘေးတစောင်းအိပ်တာနဲ့ မှောက်အိပ်တာမျိုး က မျက်နှာကို ဖောင်အစ်နေတယ်ဆိုပေမယ့် အသားအရေဖောင်း အစမ် ပှု စုံ ဟာ ညီညာမှုမရှိတက်ပါဘူး ။ ဒါကြောင့် ပက်လက်အိပ်တာက သင့်မျက်နှာအတွက် အကောင်းဆုံးပါပဲ။ ခေါင်းအုးံ ပေါ်လှဲလိုက်ချိန်မှာ သင့်မေးစေ့က ရင်ဘတ်ထက်မမြင့်စေတဲ့ ခေါင်းအုံးအမျိုး အစားမျိုးကို ရွေးချယ်ပါ။
ပျော်ပျော်နေပါ
ပျော်ရွှင်နေတဲ့ မျက်နှာထားမျိုးဟာ လူတစ်ယောက်အတွက် ကြည့်လို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါကြောင့် ပျော်ရွှင်စွာနေတက်အောင် ကြိုးစားပါ။ ညနေခင်း သူငယ်ချင်းတွေ အတူလမ်းလျှေက်စကား ပြောတာမျိုး ပြောတာမျိုး၊ သီချင်းဆိုတာမျိုးတွေနဲ့ ဟာသပြောတာမျိုး တွေဟာ သင့် စိတ်ဖိစီးမှု ကို ကင်းစေပြီး ပိုမိုနုပျိုစေနိုင်ကာ ညဘက် ကောင်းစွာအိပ်ပျော်စေပြီး ကြည်လင် လန်းဆန်းစွာ နိုးထလာစေနိုင်ပါတယ်။
ခြေသည်း၊ လက်သည်း ဂရုစိုက်ပါ
ခြေချောင်းလေးတွေကို ညအိပ်ရာမ၀င်ခင် ဘရပ်ရှ် နဲ့ သေချာပွတ်တိုက် သန့်စင်ပြီး၊ အလှဆီ ဒါမှမဟုတ် လိုးရှင်း တစ်မျိုးလိမ်းကာ ချည်သားခြေစွပ်ဝတ် ပြီးအိပ်လိုက်ပါ။ ခြေထောက် ခြောက်သွေ့ကွဲအက်မှုကင်းပြီး၊ ရေဓာတ်ရရှိစေကာ တခြားရောဂါပိုးတွေလည်း ကင်းစင်နေ စေပါတယ်။ သင့်လက်ချောင်းလေးတွေ ကလည်း တစ်နေ့လုံးကွန်ပျူတာသုံးရ၊ စာရွက်စာတမ်းတွေကိုင်ရ၊ တခြားအိမ်မှု ကိစ္စတွေကို လုပ်နေရတာကြောင့် ပင်ပန်းနေတက်ပါတယ်။ ညအိပ်ရာဝင်ခါနီး ခြေ လက်သန့်စင်ပြီးချိန် ရေဓာတ်ပါဝင်တဲ့ လိုရှင်း နဲ့ သွေးလည်ပတ်မှု အတိုင်း နှိပ်နယ်ပေးရင်း အိပ်ပျော်ပါစေ။
Ref : Good Health
မူရင်းလင့်
Post a Comment