0
 မြန်မာလုပ်သား ငါးထောင်ကျော် ယခုနှစ်အတွင်း တောင်ကိုရီးယားခေါ်မည်









စက်မှုလုပ်ငန်း များတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား ငါးထောင်ကျော်ကို ယခုနှစ် အတွင်း တောင်ကိုရီး ယားနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Choi Yong-il က ပြောကြားသည်။ အဆိုပါ လုပ်သားများကို EPS (Em-plyonment Permit System) စနစ်အရ တောင်ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးပြီး ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာလုပ်သား ခေါ်ယူရန် တာဝန်ယူ လုပ်ကိုင်နေသည့် HUMAN RESOURCES DEVE-LOPMENT SERVICE OF KOREA မှ ဒါရိုက်တာလည်းဖြစ်သူ ၎င်းကဆိုသည်။
“ရိုးသား ကြိုးစားမှုကြောင့် မြန်မာလုပ်သားတွေကို အလုပ်ရှင်တွေက ကြိုက်ကြတယ်။ ဒါပေမဲ့ တရားမဝင် အလုပ်သမားတွေ ဆိုရင်တော့ ခေါ်ယူတဲ့နေရာမှာ နှောင့်နှေး သွားစေမယ်” ဟု Mr.Choi Yong-il က ပြောဆိုသည်။ တောင်ကိုရီးယားက မြန်မာလုပ်သား ၁၉၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းထားပြီး နောက်ထပ် တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း၊ ကိုရီးယား အရည်အချင်း စစ်စာမေးပွဲကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ပြုလုပ်ရန် ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။
တောင်ကိုရီးယား နိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သား အရေအတွက် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ စာရင်းအရ တရားမဝင် မြန်မာလုပ်သား ၆၀၀ ဝန်းကျင် ရှိကြောင်း၊ ယင်းသို့ တရားမဝင် လုပ်သား နှုန်းထား မြင့်တက်လာမှုသည် လာမည့် ဒီဇင်ဘာလတွင် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးရေးကိစ္စကို အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာလုပ်သားများ တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်သည့် လုပ်ငန်းစဉ်ကို အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီက တာဝန်ယူသည့် သုံးနှစ်ကျော် အကြာတွင် မြန်မာလုပ်သား ၁၈,၀၀၀ ကျော်ကို စေလွှတ်ပြီး ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။ EPS စနစ်ဖြင့် တောင်ကိုရီးယား နိုင်ငံက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လုပ်သားများ ခေါ်ယူလျက် ရှိသည်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top