0
 တရုတ်ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးသုံးမည်










တရုတ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် အမျိုးသားပြည်သူ့ ကွန်ကရက်တွင် စီစဉ်နေခြင်းကြောင့် ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၃၂ ဘီလီယံ တန်ဖိုးခန့် ရှိမည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ တစ်ဝန်းရှိ ဥပဒေပြု ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ကျော် တက်ရောက်သော အမျိုးသားပြည်သူ့ ကွန်ကရက် အစည်းအဝေးတွင် စစ်အသုံးစရိတ် တိုးမြှင့်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
အမျိုးသားပြည်သူ့ ကွန်ဂရက်မှာ တရုတ်နိုင်ငံ၏ ပါဝါ အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဥပဒေများ ပြင်ဆင်ခွင့်၊ အတည်ပြုခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် တရုတ်ကွန်မြူနစ် ပါတီ ဆုံးဖြတ်ချက်ကို အတည် ပြုပေးရခြင်းသာ ဖြစ်သည်။ ထို့အပြင် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများကြား နယ်မြေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်နေချိန်တွင် စစ်အသုံးစရိတ် မြှင့်တင်မည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကာကွယ်ရေး အသုံးစရိတ်ကို ဂဏန်းနှစ်လုံး နှုန်းထားဖြင့် တိုးမြှင့် သွားမည်ဟု တရုတ်နိုင်ငံက တရားဝင် ထုတ်ပြန်ထားပြီး တရုတ် တပ်မတော်၏ အမှန်တကယ် အသုံးစရိတ်မှာ တရားဝင် ထုတ်ပြန်ထားသည့် ပမာဏထက် များပြားကြောင်း လေ့လာ သုံးသပ်သူများက ပြောကြားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်မှာ ကာကွယ်ရေး အသုံးစရိတ် ဘီလီယံ ၆၀၀ ကျော်ထိ ရှိသော အမေရိကန် ပြည်ထောင်စုထက် များစွာ လျော့နည်းကြောင်း တရုတ်တို့က ပြန်လည် ထောက်ပြသည်။ ယင်းကဲ့သို့သော ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို စိုးရိမ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားလိုက်ပြီး ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု ဝေဖန်လိုက်သည်။
“ဒုတိယကမ္ဘာစစ် အောင်ပွဲနဲ့ စစ်ပြီးကာလ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကို ကျွန်တော်တို့ ကာကွယ်သွားပါမယ်။ သမိုင်းလမ်းကြောင်း ပြောင်းဖို့ လုပ်ဆောင်ချက် မှန်သမျှကို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံမှာ ပိုမို ပြင်းထန်လာသည့် မဟာဗျူဟာရေးရာ ဖိအားအောက် ရောက်ရှိနေပြီး အာရှ-ပစိဖိတ်ဒေသမှာ ကမ္ဘာ့ပထဝီ နိုင်ငံရေးနှင့် စီးပွားရေး ဗဟိုချက် ဖြစ်လာခြင်းကြောင်း အချို့သော အဓိက အင်အားကြီး နိုင်ငံများက စစ်အင်အား ချိန်ညှိမှုများ၊ မဟာမိတ်ဖွဲ့မှုများ လုပ်ဆောင်လာကြောင်း တရုတ်စစ်သိပ္ပံ အကယ်ဒမီမှ လေ့လာသုံးသပ်သူ ချန်ဇိုးက ပြောကြားသည်။ 


Ref & Credit to The Voice weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top