Friday, December 27, 2013

ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ကမ္ဘာကျော် အဆိုတော်များ



ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်မှာ ကျွန်တော်တို့ ရှင်သန်ရာ ပတ်ဝန်းကျင်ကနေ ကျွန်တော်တို့အပေါ် နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့တာတွေ ရှိခဲ့ကြပါတယ်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို အနိုင်ကျင့်တဲ့ ကိစ္စမျိုးတွေ၊ အုပ်စုအင်အားတောင့်သူတွေက အထီးကျန်သူတွေကို နိုင်စားတာမျိုးတွေ ကြုံခဲ့ဖူးမှာပါ။

အင်တာနက် ကမ္ဘာဦး၊ ကွန်ယက်စာမျက်နှာများ၏ မူလ



၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World WideWeb အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Projectတစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်၀န်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

အနမ်းလွန်က နားပင်းတတ်သည်


တကယ်ဖြစ် သွားတာလေးပါ။ တရုတ်ပြည်၊ Guangdong ပြည် နယ် တောင်ပိုင်း က မြို့ ငယ်လေး တစ်ခုမှာပါ။ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ယောက် သူ့ချစ်သူနဲ့ နမ်းပြီးတော့ ဘယ်ဘက်နား တစ်ဘက် ကမ်းသွားခြင်း ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလတုန်းကပါ။ ကောင်လေးရဲ့  အနမ်းအားကြောင့် ပါးစပ်ထဲမှာ လေဖိအား လုံးဝမရှိတော့ပဲ နားစည်က လေဟာနယ်နေရာ အထိ တောင် ထိုးဖောက်ပါတယ်။ နောက်ဆုံး အကျိုးဆက်ကတော့ နားတစ်ဘက်ကမ်း သွားခြင်း ဖြစ်ပါတယ်။

စိတ်ဓာတ်၊ လုပ်ရပ်။ ရလဒ်





လူတိုင်း လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြပါသည်။ လူတို့သည် ကိုယ့်သမိုင်းကို ကိုယ်ဖော်ဆောင်ကြသည် ဆိုသည်မှာ ပြောစရာလိုမည် မထင်ပေ။ ကောင်းသော လုပ်ရပ်များကို လုပ်ဆောင်လျှင် ကောင်းကျိုးရဲ့ ရလဒ်ကို စံစားရသလို မကောင်းသော လုပ်ရပ်များကို လုပ်ဆောင်ကြသူများ၏ ရလဒ်သည်လည်း ထိုနည်းတူ ခံစားရမည် ဖြစ်ပါသည်။ အမှန်တကယ်တော့ လုပ်ရပ်ရှိလို့ ရလဒ်ဆိုတာ ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ လုပ်ရပ်နှင့် ရလဒ်ရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ စိတ်ဓာတ်ဆိုတဲ့အရာက ဦးဆောင်ခေါ်ယူသွားခြင်းပင် ဖြစ်ပါသည်။

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

သက္ကရာဇ် ၂၀၀၂ ခုနှစ် တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယ အကြီးဆုံး ငါး - Basking Fish

 
Basking Fish - နေပူဆာလုံ ငါးလို့ ခေါ် ပါတယ်။ ရေပြင် အထက်ကို တက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါ တယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ



သုဝဏ္ဏ အားကစားကွင်းတွင် ရွှေသားစင်စစ်ဖြင့်ပြုလုပ်ထားသော FIFA ကမ္ဘာ့ဖလားဆုကြီးကို ထောင်ပေါင်းများစွာသော ပရိသတ်များအနေနှင့် ရှားရှားပါးပါး ကိုယ်တိုင်ကိုယ်ကျအနီးကပ် တွေ့မြင်ခွင့် ရရှိခဲ့ကြပါသည်။ မြန်မာ့ဘောလုံးအဖွဲ့ချုပ်နှင့် Coca-Cola တို့မှပူးပေါင်း၍ FIFA ကမ္ဘာ့ဖလားဆုကြီး ခရီးစဉ်အဖြစ် ပရိတ်သတ်များ ပျော်ပွဲရွှင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပေးခဲ့ပါသည်။

အွန်လိုင်း ဈေးကွက်ထဲကို ထိုးဖောက်ဝင်လာတဲ့ မာရဇ္ဇ နဲ့ တွေ့ဆုံခြင်း


ဂီတလောကမှာ နှစ်နှစ်ဆယ်ကျော် နီးပါး ရပ်တည်နေပြီး၁၈ ခွေနီးပါး ထွက်၇ှိထားနိုင် သူကတော့ မာရဇ္စပါ။၂ဝဝ၅ ခုနှစ်ကျော် ကာလ တွေမှာ ဇာတ်ပေါင်း ဆိုတဲ့ အခွေက စလို့ ဂီတပုံစံ သစ် အလှည့် အပြောင်းနဲ့ သူ့ ပရိသတ် အားလုံးကို အံ့အား သင့်စေခဲ့သူ။ အခု သူက တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အွန်လိုင်းကနေ သီချင်းသစ် တပုဒ်ကို လွှင့်တင် ရောင်းချခဲ့ပြန်ပါပြီ။ သူ့ အရှေ့ မှာတော့ တေးသံ၇ှင် လေးဖြူ ကလည်း တစ်ပုဒ် ဖြန့် ခဲ့ပါသေးတယ်။ ဒုတိယမြောက် အနေ နဲ့ အွန်လိုင်း ဈေးကွက် မှာ ပွဲထွက် လာ တဲ့ မာရဇ္ဇနဲ့ တွေ့ ဆုံဖြစ်သမျှ ကို ဖော်ပြလိုက်ပါတယ်။

ဆရာမပြောတဲ့ " အချစ် "

 
ကျောင်းသား တစ်ယောက်က ဆရာမကို အချစ်ဆိုတာ ဘာလဲလို့ မေးလိုက် ပါတယ်။ ထိုအခါ ဆရာမက အဲဒီအဖြေကို ဖြေဖို့အတွက် မင်း ငါခိုင်းတဲ့ အတိုင်း လုပ်ပါ။ ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာခဲ့လို့ ပြောလိုက်တယ်။

ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)

 
မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်မှာ ထိပ်တိုက် တွေ့ရမည့် ဘာစီလိုနာ အသင်းသည် မိမိတို့ အသင်းအား ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း သူ့အသင်း ဟောင်းအပေါ် စကားစစ်ထိုး သည့်အနေဖြင့် ပြောကြားခဲ့ ပါတယ်။

လူကိုသစ်ပင်ဖြစ်စေသော ရောဂါ

 လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံးကနေ သစ်ပင်ကဲ့သို့ အမြစ်အသားပိုများ အဆမတန်တိုးပွား လာခြင်းမျိုး ဖြစ်ပါတယ်။
ရောဂါ အကြောင်း
ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်များ သွေးနဲ့ တစ်ရှူးမှာ အဆမတန်တိုးပွားလာခြင်း ဖြစ်ပါတယ်။ ဒီတော့ Carcinoma ကို မထိန်းချုပ်နိုင်တဲ့ ရောဂါလို့လည်း တစ်မျိုးခေါ်ပါတယ်။ နာမည်အရှည်ခေါ် လိုက်တော့ Epidermodysplasia verruciformis လို့ အမည်ရ ပါတယ်။

Saturday, December 14, 2013

ရှေ့နေအသင်း ဖွဲ့စည်းပုံသဘောထားခရီးစဉ် ရန်ကုန်တွင် ရှင်းလင်း


မစ်ကြီးနား၊ ဟားခါး၊ မုံရွာ၊ မကွေး၊ စစ်တွေ၊ ပုသိမ်နဲ့ ထားဝယ်မြို့တွေမှာ ဖွဲ့စည်းပုံဆိုင်ရာ အမြင်သဘောထားတွေ ကောက်ယူနေတဲ့ မြန်မာနိုင်ငံ ရှေ့နေအသင်းက သူတို့ရဲ့ ဒုတိယမြောက် ခရီးစဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ အချက်တွေကို ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်မှု ဒီမိုကရေစီစံနှုန်းတကျဖြစ်ဖို့၊ တရားစီရင်ရေးမှာ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာတွေကို စီရင်ဆုံးဖြတ်နိုင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ အကြံပြုလွှာတွေ ရရှိခဲ့တယ်လို့ ဦးကျော်မင်းစံက ဆိုပါတယ်။

iPhone အသစ်တွင် EyeVerify Security စနစ်ပါဝင်လာနိုင်ဖွယ်ရှိ

eyeverify-800x594 
မကြာသေးမှီ အချိန်က Apple အနေနဲ့ iPhone 5S တွင် Touch ID Security System ကိုထည့်သွင်းခဲ့ပါတယ်။Touch ID Security System ဟာ လက်ဗွေစနစ်ဖြင့် မိမိ iPhone ၏ Security ကိုကာကွယ်ထားနိုင်ပါတယ်။

အခုချိန်မှာတော့ Apple အနေဖြင့် သူတို့ရဲ့ Touch ID Security System ကိုလုံခြုံမှူအကောင်းဆုံးလို့ပြောကြာထားပေမဲ့.. အချို့သော Hacker များကလည်း Touch ID ရဲ့ မလုံခြုံမှူတွေကို ဖော်ထုတ်ပြသမှူတွေရှိလာခဲ့တဲ့အခါမှာ Touch ID အနေနဲ့ အစွမ်းပြည့်ဝသော လုံခြုံမှူတစ်ခု မဟုတ်တော့တဲ့ အတွက်ကြောင့် အခြား လုံခြုံရေးနည်းပညာတွေကို တီထွင်ဖို့ကြိုးပမ်းနေကြပါတယ်။

Android Device တွေမှာ Redirect File Organizer ကိုအသုံးပြုပြီး File တွေကို နေရာချမယ်



သင်ဟာ Android ပစ္စည်းတွေကို အသုံးပြုပြီး Internet ကနေ သင်လိုချင်တဲ့ အရာတွေကို Download မှန်မှန်လုပ်တတ်တဲ့ သူဆိုရင်တော့ သင်ရဲ့ Download Files တွေဟာ ဘယ်နေရာမှာ သိမ်းထားလဲဆိုတာ သင်သိမှာပါ ။ သင့်ရဲ့ Download Files တွေ အကုန်လုံးကို Download Folder ထဲမှာ Default အနေနဲ့ သိမ်းထားပေးမှာ ဖြစ်ပါတယ် ။ ဒါဆို သင့်ရဲ့ Download Folder ထဲမှာ သင် Download လုပ်ထားသမျှ Files တွေနဲ့ ပြည့်နှက်နေပြီး ၊ သင်တစ်ခုခု ကို ရှာဖွေချင်တယ်ဆိုရင်လည်း ရှာရဖွေရ လွယ်ကူတော့မှာ မဟုတ်ပါဘူး ။ သင့်အနေနဲ့ File Manager ကိုအသုံးပြုပြီး Download Folder ထဲက Files တွေကို သင်သိမ်းထားချင်တဲ့ Folders တွေထဲ ပြောင်းရွှေ့အသုံးပြုမယ်ဆိုရင်လည်း သင့်အနေနဲ့ အလုပ်ရှုပ်ပြီး ၊ အချိန်ကုန်ပါတယ် ။ ဒါဆို သင့်အနေနဲ့ သင် Download ဆွဲသမျှ Files တွေကို သင်သိမ်းထားချင်တဲ့ Folder ထဲမှာ သိမ်းနိုင်ဖို့ Direction ညွန်ပေးမဲ့ Redirect File Organizer Application ကိုအသုံးပြုဖို့ လိုအပ်လာပါပြီ ။ Redirect File Organizer Application ဟာ Free Application တစ်ခုဖြစ်ပါတယ်။ Pro Version က Features တွေကို အသုံးပြုဖို့ Upgrade လုပ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံ ပေးချေရမှာ ဖြစ်ပါတယ် ။

ဒီ Application လေးကို စလိုက်တာနဲ့ Redirect လုပ်နိုင်တဲ့ အမျိုးအစားတွေကို ဖော်ပြထားတဲ့ Wizard တစ်ခုကို သင်မြင်ရမှာ ဖြစ်ပါတယ် ။ Redirect လုပ်နိုင်တဲ့ အမျိုးအစား ကတော့ ၄ မျိုး ပဲ ရှိပါတယ် ။
1. Simple Redirect : သင့် Android Device ထဲမှာ ရှိတဲ့ Video Files ၊ အသံဖိုင် နဲ့ Document Files စသည့် အမျိုးအစား သုံးမျိုးကို ရွေးချယ်နိုင်ပြီ သင်ကြိုက်နှစ်သက်တဲ့ Folder ထဲကို ရွှေ့ပြောင်းလို့ရပါတယ် ။
2. Custom Redirect : ဒီအမျိုးအစားကတော့ File Extension ပေါ်မူတည်ပြီး အလုပ်လုပ်တာဖြစ်ပါတယ် ။ ဥပမာ သင့် Android Device ပေါ်က သင်ကြိုက်နှစ်သက်တဲ့ Folder ထဲကို သင်သိမ်းထားချင်တဲ့ File Extension အမျိုးအစားအလိုက် သိမ်းထားလို့ရအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ် ။ အကယ်၍ သင် Download လုပ်ထားတဲ့ Image တွေကများနေပြီးတော့ Image Extensions တွေကလည်း jpg ၊ gif ၊ png စသည်အားဖြင့် ကွဲပြားနေရင် သင်သိမ်းချင်တဲ့ Extension အမျိုးအစားပေါ်မူတည်ပြီးတော့ မတူညီတဲ့ Folder အမျိုးမျိုးမှာ သိမ်းထားလို့ရမှာပဲဖြစ်ပါတယ် ။

Sony ၏ နောက်ထပ် Xperia Z1S အလတ်စား

Sony မှ နောက်ထပ် Xperia Z1S အလတ်စားကို ထုတ်လုပ် လိုက်ကြောင်း သိရပါတယ်။ အလတ်စား ဖြစ်သည့်အတွက် ဗားရှင်းကတော့ အနည်းငယ်နိမ့် သည်ဟု ဆိုပါတယ်။

ပရီးမီးယားလိဂ်ကို အရှိန်မြှင့်ပေးလိုက်တဲ့ပွဲစဉ်(၁၆)

အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲစဉ်တွင်
လည်း (၆-၃)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အီတီဟတ်ကွင်းစံချိန်များအရ မန်စီးတီးမှာ အင်္ဂလန်ပြည်တွင်း လိဂ်ပြိုင်ပွဲများတွင်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။မန်စီးတီးအတွက် အဖွင့်ဂိုးကို
ထောင့်ကန်ဘောမှတစ်ဆင့် အဂူရိုက သွင်းယူခဲ့ပြီး ယာယာတိုရေး၏ အမှားမှတစ်ဆင့် ရမ်ဆေး ဘောလုံးဆွဲယူသွားပြီး အိုဇဲလ်ကို ပေးပို့ခဲ့ကာ ၎င်းထိုးပေးသည့်ဘောလုံးကို ၀ဲလ်ကော့က အသာအယာကန်သွင်းခဲ့ခြင်းဖြစ်သည်။ ပွဲချိန်

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ

How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။ 1. Be Confident
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

တောင်ကြီးမြို့မှာ မိုင်း ၃ လုံး ရှာဖွေတွေ့ရှိ

 တောင်ကြီးတွင် တွေ့ရှိခဲ့သည့် မိုင်းများအား ဖျက်သိမ်းနေပုံ / ဓါတ်ပုံ - Shan News

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်


အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိ ချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။ ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

၂၀၁၂ အတွက် အလှူအတန်း အရက်ရောဆုံး Celebrity

 
၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့အလှူအတန်း အရက်ရောဆုံး အနုပညာရှင် တစ်ယောက် အဖြစ် တေလာဆွစ်ဖ်မှ အသတ်မှတ်ခံခဲ့ရ ပါတယ်။
၂၀၁၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း သူမရဲ့ လှူဒါန်းမှုက အမေရိကန်ဒေါ်လာ သန်းပေါင်းမြောက်များစွာ ရှိပြီး Country Hall of Fame Museum တစ်ခုတည်းကိုပင် ကန်ဒေါ်လာ ၄ သန်းလှူဒါန်း ခဲ့ပါတယ်။ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇ သန်းရှိပြီး ၂၀၁၂ ခုနှစ်ရဲ့  ဝင်ငွေအကောင်း ဆုံး Celebrity တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
သူ့နောက်မှာ Miley Cyru, Channing Tatum, Lady Gaga, Justin Bieber တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဗိုလ်ကြီးဟုဆိုကာ ငွေတောင်းခြိမ်းခြောက်မှု တစ်ခုဖြစ်ပွား


ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင်၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊နယ်မြေ(၂၄) မြို့ရှောင်(၁၀)လမ်း၊ခြံအမှတ်(၆၁၄)တွင်(၉.၁၂.၂၀၁၃)နေ့ နံနက်(၉း၀၀) အချိန်တွင် (အယောင်ဆောင်)၍ ခြိမ်းခြောက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ

ဥဿာမြို့သစ်(၈)ရပ်ကွက်၊နယ်မြေ(၂၄) မြို့ရှောင်(၁၀)လမ်း၊ ခြံအမှတ် (၆၁၄)အား ပိုင်ရှင်ဖြစ်သူဒေါ်ရင်ဆွေ(၆၀)နှစ်၊(ဘ)ဦးညွှန့်မောင်၊မူအုပ်ငြိမ်း မ/၁၀၁၁ နယ်မြေ(၁၇)၊ ရပ်ကွက်ကြီး(၅)ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူမှာ ၄င်းခြံကွက်အား ခြံစည်းရိုးခတ်၍ အိမ်ဆောက်ရန်ပြင်ဆင်ဆောင်ရွက်ရန် စောကျော်စွာမင်း(ခ)ဇေယျာမင်း၊(ဘ)ဦးကျော်တင်၊ ကရင်/ဗုဒ္ဓ၊ဥယျာဉ်ခြံ မြို့ရှောင်(၁၀)လမ်း၊မ/၆၁၇၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊ပဲခူးမြို့နေသူရောက် ရှိလာပြီး

ဘင်္ဂလား အတိုက်အခံ ခေါင်းဆောင် သေဒဏ် စီရင်ခံရမှု မီးရှို့ဆန္ဒပြ

ဘင်္ဂလားနိုင်ငံက မီးရှို့ဆန္ဒပြမှုများဖြစ်ပွား (ဒီဇင်ဘာ ၁၃၊ ၂၀၁၃)

သေဒဏ်ပေးပြီး သိပ်မကြာခင်မှာပဲ မီးရှို့မှုတွေ၊ ရဲနဲ့ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားတာတွေကြောင့် လူ ၃ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။ တိုက်ခိုက်မှု အများစု ကတော့ အာဏာရပါတီကို ထောက်ခံသူတွေ၊ ၀န်ကြီးချုပ် Sheikh Hasina နဲ့ ကွပ်မျက်စီရင်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူ လူနည်းစု ဟိန္ဒူတွေကို ပစ်မှတ်ထားခံခဲ့ရတာပါ။

မလေးရှားက မြန်မာဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ


တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင် ပြန်မပေးပဲ ယူထားလိုက်ကြမယ် ထင်ပါ တယ်။ ဒါပေမယ့် မလက္ကာက ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။

မြန်မာအလုပ်သမား Mr. Khua Khun Thang ကို ဟိုတယ်အရာထမ်းက ဂုဏ်ပြုနေပုံ၊ ဓာတ်ပုံ- The New Paper


တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦး အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ စင်ကာပူ အမျိုး သမီးတဦးက ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။

Lenovo မှ ထုတ်လုပ်လိုက်သော Vibe X smartphones များ

Lenovo မှ Vibe X ဆိုတဲ့ smartphones သုံးမျိုးကို ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။ သုံးမျိုး အမည်တွေကတော့ S930, S650 နှင့် S960 (သို့) Vibe X တို့ပဲ ဖြစ်ကြပါတယ်။ နောက်လတွင် ဖြန့်ချီမှာ ဖြစ်တယ်လို့ သိရပါတယ်။
Lenovo S930 ဟာ မျက်နှာပြင် ၆ လက်မဖြစ်ပြီး RAM 1GB ကနေ 8GB storage အထိအသုံးပြုနိုင် ပါတယ်။

မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်

ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျိုးသား ဘောလုံးပွဲစဉ် လက်မှတ် ပြင်ပပေါက်ဈေးမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရောင်းချပေးသော လက်မှတ်ဈေးထက် လေးဆခန့် မြင့်တက်လျက် ရှိကြောင်း မြန်မာ-ထိုင်း ဘောလုံးပွဲစဉ် လက်မှတ် မှောင်ခိုဈေး ကွက်မှ စုံစမ်းသိရှိရသည်။

HTC One Max အနက်ရောင်

HTC One Max အနက်ရောင် ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ အရင်ထွက်ရှိ ထားတဲ့ HTC One Max နှင့် မကွာလောက်ဘူးလို့ ဆိုပါတယ်။

ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် လူသတ်မှုများဖြင့် တရားစွဲဆိုခံရ

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ဘန်ကောက်တွင် လူ ၉၀ ကျော် သေဆုံး ခဲ့ရသော ရှပ်နီဆန္ဒပြပွဲကို ဖြိုခွင်းခဲ့မှုဖြင့် ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗီဂျာဂျီဗာ ကို လူသတ်မှုများဖြင့် တရားစွဲဆို စွပ်စွဲထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်

မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက်တာဒိုးနက်ကို တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် အနိုင်ဂိုးရစေမည့် ထောင့်ကန်ဘော ကန်တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် မန်ယူအသင်း၏ပွဲစဉ်(၇)ပွဲအထိ အနားယူရဖွယ်ရှိနေသည်။ ထို့အပြင် မန်ယူနည်းပြ မိုရက်စ်ကလည်း ရွန်နီနှင့်တွဲဖက်၍ ခြေစွမ်းပြနေသည့် ဗန်ပါစီ အနားယူရခြင်းမှာ မိမိတို့အသင်းအတွက် ကံဆိုးမှုတစ်ရပ်ဖြစ်ကြောင်း ဖွင့်ဟသွားသည်။

ဆီးဂိမ်း ဖွင့်ပွဲပြီးနောက် ပြောစရာအချို့ ကျန်ခဲ့

 
ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားကို ခမ်းနားစွာ ကျင်းပဖွင့် လှစ်ပြီးနောက် ဂုဏ်ယူဝမ်း သာမှုနှင့် များအတူ ဝေဖန်ပြောဆိုမှု များလည်း ကျန်ခဲ့သည်။ ဖွင့်ပွဲ အတွင်း ယခင် နိုင်ငံအကြီး အကဲဟောင်း၏ မြေးဖြစ်သူ နေရွှေသွေးအောင်က ၀င်ခွင့်ကတ်ပြား ချိတ်ဆွဲမထားဘဲ အထူးတန်းပွဲကြည့်စင်တွင် ရောက်ရှိနေခြင်း၊ ဖိလစ်ပိုင် အလံကိုင် အားကစား သမား၏ ရိုးရာဝတ်စုံ၊ ဆီးဂိမ်းမီးရှူး တိုင်အား မီးမြားဖြင့်ပစ် ခဲ့သည့် မြားပစ်အား ကစားသမား ဝေလင်းထွန်းတို့၏ သတင်းများကို စိတ်ဝင်တစား ပြောဆို နေကြခြင်းဖြစ်သည်။

ခရစ္စမတ် သစ်ပင်ပုံ ဦးထုပ်နဲ့ ပွဲတက်လာတဲ့ လေဒီဂါဂါ

သူမတူအောင် ဆန်းကြယ်ပြီး အမြဲလိုပင် ဝတ်စုံ အဆန်းအပြားများကို တီထွင် ဝတ်ဆင်လေ့ ရှိသည့် နိုင်ငံကျော် အဆိုတော် လေဒီဂါဂါ သည် Jingle Bell Ball ဖျော်ဖြေ ပွဲ သို့ ခရစ္စမတ်သစ် ပင်ပုံ ဦးထုပ်ကို ဝတ်ဆင်လျက် တက် ရောက်ဖျော်ဖြေခဲ့သည်။

အဖြစ်များသော ဒဏ်ရာများအတွက် ရှေးဦးပြုစုနည်းများ

အရေးပေါ် ကျန်းမာရေး အခြေအ နေအတွက် ဘယ်လိုကုသ ရမယ်ဆိုတာ သိပါသလား။ အရေးပေါ် အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသား လိုက်ရပါတယ်။

ခရစ္စမတ် ကာလတွင် ခရစ်ယာန် ဘာသာဝင် များကို မွတ်ဆလင် အကြမ်းဖက်များ တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိ ဟုဆို

အင်ဒိုနီးရှား နိုင်ငံတွင် ခရစ္စမတ် ကာလနှင့် နှစ်သစ် ကူးကာလ တို့၌ မွတ်ဆလင်  အကြမ်းဖက်သမားများက ခရစ်ယာန် ဘာသာရေး ဝတ်ပြုသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ကောင်း စီစဉ်နေဖွယ် ရှိသည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလား

ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါ ဘူး။ လူတစ်ယောက်က ဆားကဲတဲ့ အစား အသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ် ထဲ ဆိုဒီယမ်အဆင့် မြင့်တက် လာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ဟန်ချက် ညီမျှစေဖို့ ရေဓာတ်ကို ပိုမိုစုပ်ယူ ရပါတော့တယ်။

စိန်ခေါ်မှုတွေကို ဥပမာ ပြောရရင် ကုန်မယ်တောင် မထင်ဘူး သင်ဇာဝင့်ကျော်

 
သင်ဇာက ဖြစ်နေတဲ့ ပစ္စုပ္ပန် ကိုပဲတွေးတယ်။ အနာဂတ် ကိုလည်း မတွေးဘူး။ ဖြစ်ပြီးတဲ့ အတိတ်ကို လည်း ပြန်ပြီးတော့ မစဉ်းစားဘူး။ ရေရှည်ကို မတွေး တတ်တဲ့အခါကျ တော့ ဘယ်အထိ ရောက်အောင်ငါ ဘာလုပ်မယ် ဆိုတဲ့စိတ်လည်း မရှိပါ ဘူးဆိုတဲ့ သင်ဇာဝင့်ကျော်ကို သရုပ်ဆောင် လောက အကြောင်း တစ် စေ့တစ်စောင်း လေ့လာကြည့်တဲ့ အခါ..
Q. အနုပညာလောကမှာ ပေါင်းသင်း ဆက်ဆံရေး ကအရေး ကြီးတယ်ဆိုတော့ သင်ဇာအတွက် ရော ဘယ်လောက်ထိ အရေးပါလဲ။

အသက်ဘယ်လောက် ရှည်မလဲဆိုတာ အရေပြားက ပြောလိမ့်မယ်

 
"လက်ရှိ အသက်ထက် နုပျိုတဲ့ အမျိုးသမီးတွေဟာ သက်တူရွယ်တူ ပေမယ့် အတွန့်အလိပ်များ သူတွေထက် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ အဖြစ်နည်းလေ့ ရှိပါတယ်" လို့ လေ့လာချက် အသစ်တစ်ခု အရ ဖော်ပြခဲ့ ပါတယ်။
သိပ္ပံပညာရှင် များဟာ အမျိုးသမီးပေါင်း ၂၆၀ အား နှလုံး ရောဂါဖြစ်နိုင်ခြေ များတဲ့ အုပ်စုနှင့် နည်းတဲ့အုပ်စု ၂ စုခွဲပြီး လေ့လာ ဆန်းစစ်ရာမှ တွေ့ရှိခဲ့ တာဖြစ်တယ်။ သိပ္ပံပညာရှင် များက နေလောင်ဒဏ်ကြောင့် မျက်နှာ အရွယ်မတိုင်မီ အိုမင်းလာမှု လက္ခဏာများကို အမျိုးသမီးတွေ ရဲ့ မျက်နှာနှင့် လက်မောင်းအတွင်းဘက် အပေါ်ပိုင်းရှိ အရေး အကြောင်း အတွန့်များကို လေ့လာဆန်းစစ် ခဲ့ကြပါတယ်။

Huawei Ascend P6S မှာပါဝင်လာမယ့် CPU

 
Huawei Ascend P6S မှာပါဝင်လာမယ့် CPU

=========================

တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ Ascend P6 ရဲ့နောက် ထပ်မျိုးဆက် သစ်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Ascend P6S မှာ တန်းမြင့် Chipset အမျိုးအစားဖြစ်တဲ့ octa-core CPU ပါဝင်လာမယ့် Huawei ရဲ့အရာ
ရှိက အတည်ပြုပြောပါတယ်။

ကွန်ပျူတာကို ထမင်းမေ့ ဟင်းမေ့ အသုံးပြုနေတဲ့ သူငယ်ချင်းများအတွက် (Wise Auto Shutdown 1.36 )



မိမိတို့ ကွန်ပျူတာကို ကိုယ်ကြိုက်တဲ့အချိန်  Shut down, Restart, Sleep or Log off တွေကို အချိန်သတ်မှတ်ပြီး ခိုင်းစေနိုင်တဲ့ Software အလန်းလေးပါ... ကွန်ပျူတာကို ထမင်းမေ့ ဟင်းမေ့  အသုံးပြုနေတဲ့ လူတွေအတွက် အဆင်ပြေစေမှာပါ...။

Friday, December 13, 2013

ကျောင်းသား အဆောင်များကိစ္စ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် တက္ကသိုလ် အသီးသီးတွင် အဆောင်များ ထားရှိမှုနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက အရေးပေါ် ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က The Voice သို့ ပြောကြားသည်။

တိုင်းရင်းသား ဒေသများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်ဦးရေ တိုးခေါ်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။  မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသား ဒေသများရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်ဦးရေကို နှစ်စဉ် ၃ ရာခိုင်နှုန်း ခေါ်ယူခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ထပ်တိုး ခေါ်ယူသွားရန် စီစဉ်နေကြောင်း ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။

လူသိနည်းသော ကွန်ပျူတာနှင့် ပတ်သက်သည့် အကြောင်းအရာအချို့



ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ် လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

သင့်ရဲ့ Android Tablet အသစ်ကို လုပ်ဆောင်သင့်တဲ့ အချက်များ



သင့်အနေနဲ့ သင့်ရဲ့ Android Tablet အသစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်တဲ့ အချက်များရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ အချက် ၆ ချက်ရှိပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ ။ သင့်ရဲ့ Tablet Experience ဟာ ပိုမို ကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ Tablet ရဲ့ Battery သက်တမ်းကို ထိန်းသိမ်းပါ Tablet တစ်ခုရဲ့ Battery သက်တမ်းဟာ အချက်များစွာ ပေါ်မှာ မှီတည်ပါတယ် ။ အဓိက ကျတဲ့ အချက်တွေကတော့ သင့် Tablet ရဲ့ Operation System နဲ့ Battery ရဲ့ အရွယ်အစားပေါ်မှာ မှီတည်နေတာဖြစ်ပါတယ်။ သို့ပေမဲ့ သင့်အနေနဲ့ သင့် Tablet ရဲ့ Battery ကို ကြာရှည်စွာ အသုံးပြုနိုင်ဖို့ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ Setting တစ်ချို့ ရှိပါတယ် ။ သင့် Tablet ရဲ့ Battery ကို အများဆုံး အသုံးပြုတဲ့ နေရာကတော့ သင့် Tablet ရဲ့ Screen ပဲဖြစ်ပါတယ် ။ ဒါကြောင့် သင့် Tablet ရဲ့ Screen အလင်းအမှောင်ကို ချိန်ညှိပါ ။ အကယ်၍ များ သင်ဟာ သင့်ရဲ့ Tablet ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မသုံးဘူးဆိုရင် သင့် Tablet ရဲ့ Brightness ကို Maximum အထိထားစရာမလိုပါဘူး ။ ပုံမှန် အလင်းရောင်ရရှိတဲ့ နေရာတစ်ခုမှာ သင့် Tablet ကို အသုံးပြုမယ် ဆိုရင်တော့ သင့် Tablet ရဲ့ Brightness ကို 50 Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံးဖြစ်ပါတယ် ။ အလင်းရောင်လုံး၀ မရရှိတဲ့ နေရာမျိုး ဥပမာ ည အိပ်ရာ၀င်ခါနီး အသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့ Brightness ကို Zero Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ခြားသော Setting တွေဖြစ်တဲ့ Bluetooth ၊ Location Access စသည်တို့ကိုလည်း အသုံးမပြုရင် ပိတ်ထားခြင်းအားဖြင့် သင့် Tablet ရဲ့ Battery သက်တမ်းကို ပိုမို ရှည်ကြာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

JCUS နှင့် KAPLAN အရည်အချင်းစစ် အင်္ဂလိပ်စာ ၀င်ခွင့်များကို STUDY ABROAD မှစစ်ဆေးပေးသွားမည်



ဖေဖော်ဝါရီလ ကျောင်းဖွင့်ချိန် အမှီတက်ရောက်နိုင်ရန် အတွက် JCUS နှင့် KAPLAN အရည်အချင်းစစ် အင်္ဂလိပ်စာ စာမေးပွဲ များကို STUDY ABROAD မှ စစ်ဆေးပေးသွားမည်။

စင်ကာပူ နိုင်ငံတွင် ကျောင်းတက်လိုပြီး အင်္ဂလိပ်စာ၀င်ခွင့် လိုအပ်နေသူ ကျောင်းသူ၊ ကျောင်းသားများ အတွက် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲများကို STUDY ABROAD Information Centre မှ ဒီဇင်ဘာလ စတုတ္ထပတ်တွင် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။